Main menu

ပဲခူးခရိုင်အတွင်း အိမ်တွင်းမှု လက်ရက်ကန်းလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာ

Powered by Drupal

              ပဲခူးတိုင်း‌ဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ လက်ရက်ကန်း လုပ်ငန်းမှာ ယခင်ကျားတက် ကျေးရွာ တစ်ခုတည်းရှိရာမှ ၂၀၂၁ ခုနှစ်တွင်မိုးခိုင်ကြီးကျေးရွာနှင့် ဝေသာလီ ကျေးရွာများ၌ ပါတိုးချဲ့လုပ်ကိုင်လာကြသည့်အတွက် လက်ရက်ကန်း အလုပ်ရုံ(၅)ခုအထိ တည်ထောင်လုပ်ကိုင်လာကြကြောင်း သိရသည်။

              လက်ရက်ကန်း တစ်စင်ကို ထိုးကွင်း (၅၀)ပါ ကျပ်ခုနှစ်သိန်းခန့်ကုန်ကျ၍ လုပ်ငန်းစတင်စဉ်က ရက်ကန်းစင်(၆)စင်၊  အလုပ်သမား(၅)ဦးဖြင့် ကိုယ်တိုင်လည်း ရက်လုပ်ဆောင်ရွက်ခဲ့ကြောင်း၊ မြို့နယ်တွင်း ရက်ကန်းအလုပ်ရုံ (၅)ရုံထိရှိလာသည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရကြသည့်အတွက် အများအပြားတိုးချဲ့ဆောင်ရွက်သင့်ကြောင်း၊ ရက်ကန်းစင်အတွက် ချည်ကုန်ကြမ်းကို မန္တလေးမြို့မှ မှာယူပြီး ချည်ချောလုံချည်များ ရက်လုပ်ရောင်းချကြောင်း၊ ချည်အစိပ်/အကျဲ ပေါ်မူတည်ပြီး တစ်လလျှင် ရက်ကန်းစင် တစ်စင်တွင် (၁၈၀)ထည် မှ (၁၂၀)ထည်အထိ ရက်လုပ် ရရှိကာ   တစ်ထည်လျှင် ကျပ်(၆၅၀၀)မှ ကျပ် (၈၅၀၀)အထိ ရောင်းချရကြောင်း၊ ရက်ကန်းလုပ်သားတစ်ဦး၏ ရက်လုပ်ခသည် တစ်ထည်လျှင်(၈၀၀)ကျပ်နှုန်း ရရှိပြီး ရက်ကန်းစင်လုပ်ငန်းရှင်အနေဖြင့် တစ်လလျှင် တစ်စင်မှ အကျိုးအမြတ်(၅)သိန်းခန့် ရရှိကြောင်း၊ မန္တလေး၊ ရန်ကုန်မြို့နှင့် ပဲခူးမြို့များသို့ ရောင်းချရသလို ‌ဒေသအတွင်းမှာလည်း ရောင်းချလျက်ရှိကြောင်း၊ ထို့အပြင် Social Media  မှတစ်ဆင့် ရောင်းချနေသည့်အတွက် လုပ်ငန်းတိုးချဲ့လည်ပတ်နိုင်ကြောင်း၊ ရက်ကန်းလုပ်ငန်းကို စိတ်ဝင်စားသောလူငယ်၊ လူရွယ်များကိုလည်း သင်ကြားပေးပြီး ရက်ကန်းစင်များ တိုးချဲ့သွားရန်လည်း အစီအစဉ်ထားရှိကြောင်း၊ ရက်ကန်းလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိခဲ့ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး