Main menu

စပါး၊ဆန်ဈေးနှုန်းတည်ငြိမ်ပြီးဆန်ကွဲဈေးကျဆင်းလာ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီးတွင် စပါးဈေးနှုန်းများအနေဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာဒုတိယပတ်တွင် ဧည့်မထ ၄၆ပေါင် တင်း၁၀၀လျှင်စပါးအရည်အသွေးပေါ်မူတည်၍ ကျပ် ၆၅၀၀၀၀မှ ကျပ် ၆၇၀,၀၀၀ထိဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဒီဇင်ဘာတတိယပတ်တွင် ဧည့်မထ ၄၆ပေါင် တင်း၁၀၀လျှင် စပါးအရည်အသွေးပေါ်မူတည်၍ ကျပ် ၆၅၀,၀၀၀ မှ ကျပ် ၆၇၀,၀၀၀ထိဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပုံမှန်ဈေးငြိမ်လျှက်ရှိပါသည်။ ဧည့်မထဆန်ဈေးနှုန်းအနေဖြင့် အရည်အသွေးပေါ် မူတည်၍အလတ်စတစ်အိတ်လျှင် ကျပ်၂၃၀၀၀ မှ ကျပ်၂၄၀၀၀ ထိရှိခဲ့ပြီး ဒီဇင်ဘာတတိယပတ်တွင် ဧည့်မထဆန်ဈေးနှုန်းအနေဖြင့် အရည်အသွေးပေါ်မူတည်၍ အလတ်စတစ်အိတ်လျှင် ကျပ်၂၃၀၀၀မှ    ကျပ်၂၄၀၀၀ထိဖြစ်ပေါ်ခဲ့၍ စပါး၊ဆန်ဈေးနှုန်းများ ပုံမှန်ဈေးတည်ငြိမ်လျှက်ရှိခဲ့သော်လည်း ဆန်ကွဲဈေးနှုန်းမှာ ဒီဇင်ဘာဒုတိယပတ်တွင်(B12)တစ်အိတ်လျှင် ၂၂၀၀၀ကျပ်၊ (B234) တစ်အိတ်လျှင် ၂၁၀၀၀ကျပ် ဖြစ်ခဲ့ပြီး ယခုဒီဇင်ဘာတတိယပတ်တွင် ဆန်ကွဲဈေးနှုန်းမှာ (B12) တစ်အိတ်လျှင် ၂၁၅၀၀ကျပ်၊ (B234)တစ်အိတ်လျှင် ၂၀၅၀၀ကျပ် ဖြစ်ခဲ့သဖြင့်ဆန်ကွဲဈေးနှုန်းအနေဖြင့် ကျဆင်းကြောင်း သိရှိရပါသည်။ ယခုကဲ့သို့ ကျဆင်းရခြင်းမှာ ဒီဇင်ဘာဒုတိယပတ်တွင် အရောင်းအဝယ် သွက်ခဲ့သော်လည်း  တတိယပတ်တွင် အရောင်းအဝယ်အေးလျှက်ရှိ၍   ဈေးနှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန 

ပဲခူးတိုင်းဒေသကြီး