ကုန်သွယ်မှုသတင်းများ
၂၀၂၂ခုနှစ်၊ မေလ နောက်ဆုံးသီတင်းပတ်တွင် ကြက်သွန်နီ ဈေးနှုန်းများမှာ ကြီး/လတ်/သေး တစ်ပိဿာလျှင် ၈၀၀/၁၀၀၀/၁၂၀၀ ကျပ်ခန့်သာရှိခဲ့ရာ မှ ဇွန်လ သီတင်းပတ်မှ စတင်၍ တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ယခု သီတင်းပတ်တွင် ကြီး/လတ်/သေး တစ်ပိဿာလျှင် ၁၀၀၀/ ၁၅၀၀/၁၈၀၀ ကျပ်ခန့်ထိ မြင့်တက်လာခဲ့ပြီး ဈေးကွက်အရောင်းရ အများဆုံးမှာ အသေးစား ၁၀၀၀ကျပ် တန်ကိုသာ ဝယ်ယူသုံးစွဲမှု များကြောင်း သိရှိရပါသည်။ ယခင်နှစ် ဇွန်လတွင် ကြက်သွန်နီ စျေးနှုန်းမှာ တစ်ပိဿာလျှင် အနိမ့်ဆုံး ၅၀၀ ကျပ်နှင့် အမြင့်ဆုံး ၆၀၀ ကျပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်နှင်းစန္ဒာတို့သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ (နံနက် ၉း၃၀) နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာပညာရေးဒီဂရီကောလိပ်တွင် ကျင်းပပြုလုပ်သည့် စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ၌ သက်ဆိုင်ရာခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောဆွေးနွေးကြပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း မြို့နယ်များရှိ ဈေးကွက်များတွင် မတ်ပဲဈေးနှုန်းများမှာ မေလ နောက်ဆုံး သီတင်းပတ်တွင် ပိဿာ (၂၀) တစ်တင်းလျှင် အနိမ့်ဆုံး ၄၇၀၀၀ကျပ်နှင့် အမြင့်ဆုံး ၄၇၄၀၀ကျပ် ခန့်သာရှိရာမှ ဇွန်လ ပထမပတ်မှ စတင်၍ အနိမ့်ဆုံး ၄၈၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၈၅၀၀ ကျပ်ခန့်ထိ အနည်းငယ်စီ မြင့်တက်လျှက်ရှိပြီး ယခုအချိန်တွင် ခရိုင်အတွင်းရှိ မြို့နယ်များတွင် ပိဿာ (၂၀) တစ်တင်းလျှင် အနိမ့်ဆုံး ၅၀၀၀၀ကျပ်မှ ၅၁၆၀၀ ကျပ်ထိ စျေးနှုန်းမြင့်တက်လျှက်ရှိပါသည်။ ပွဲရုံများမှ ရန်ကု

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆီထွက်သီးနှံ စိုက်ပျိုးမှုစာရင်းတွင် မိုးနှမ်း ၁၀၁ ဧက စိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာ ဦးစီးဌာန၏ စာရင်းများ အရ သိရှိရပါသည်။ မိုးမြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံများ စစ်တောင်းမြစ်ဘေးရှိ သဲနှုံးမြေများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ဇွန်လ ၁၉ ရက် မနက် ၁၀ နာရီအချိန်တွင် တောင်ငူမြို့နယ် တာဝန်ခံသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စစ်တောင်းမြစ်ဘေးရှိ ကျေးရွာ စိုက်ခင်း များရှိရာသို့ က

မုံရွာမြို့၌ ပုပ္ပားဒေသထွက် နဂါးမောက်သီးများ ဝင်ရောက်မှု ပိုမိုများပြားနေကြောင်း၊ ထိုသို့ ဈေးကွက်၌ နဂါးမောက်သီးများလှိုင်လှိုင်ပေါများနေခြင်းမှာ နဂါးမောက်ခြံများမှ တစ်ပြိုင်တည်း အသီးများခူးဆွတ်ကြခြင်းဖြစ်ကြောင်း၊ ကျေးရွာများကို အဓိကထား၍ ရောင်းချကြခြင်းကြောင့် အရောင်းအဝယ်သွက်နေကြောင်း မုံရွာမြို့၊ နဂါးမောက်သီး ရောင်းချသူ အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။