ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နွဲ့ယဉ်ဝင်း၊ ဒု-ဦးစီးမှူးသည် (၁၉.၆.၂၀၂၂)ရက်နေ့ (၀၉:၃၀)အချိန်တွင် သရက်မြို့ ပြည်တော်အေးရပ်ကွက်၊ မြို့ပတ်လမ်းနေ ပဲကြော်လုပ်ငန်းရှင် ဦးစိုးလွင်နှင့် တွေ့ဆုံပြီး ပဲကြော်လုပ်ငန်း၏ ဈေးနှုန်းဈေးကွက် အခြေအနေများအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မကွေးကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော နှမ်းမျိုးစုံအနေဖြင့် နှမ်းနီ(၁၅) ပိဿာ တစ်တင်းလျှင် (၅၆၀၀ဝိ/-)ကျပ်၊ နှမ်းဖြူ(၁၅)ပိဿာ တစ်တင်းလျှင် (၅၈၃၃၅)ကျပ်၊ နှမ်းနက်(စမုံ) (၁၅)ပိဿာ တစ်တင်းလျှင် (၆၈၃၃၅)ကျပ်၊ နှမ်းနက်(ရိုးရိုး) (၁၅)ပိဿာ တစ်တင်းလျှင် (၅၃၃၃၅)ကျပ်၊ နှမ်းညိုကြား(၁၅)ပိဿာ တစ်တင်းလျှင် (၅၃၃၃၅)ကျပ်၊ ဂျပန်(နှမ်းဖြူ)(၁၅)ပိဿာ တစ်တင်းလျှင် (၅၈၃၃၅)ကျပ်တို့ဖြင့် မြို့တွင်း နှမ်းလှော်ဖိုသမားများ၊ တိုင်းတွင်းဆီစက်ပိုင်ရှင်များနှင့် ရန်ကုန်ရှိ ဆီစက်ပိုင်ရှင်မျာ
ပုဂံညောင်ဦးဒေသ၏ အဓိကထုတ်ကုန်တစ်မျိုးဖြစ်သည့် ပုန်းရည်ကြီးသည် မိရိုးဖလာအစဉ် အဆက် လက်ဆင့်ကမ်းလာသည့် အညာက ယဉ်ကျေးမှု ပြယုဂ်လုပ်ငန်းတစ်ခုဖြစ်ပါသည်။မြန်မာ နိုင်ငံသားတို့၏ မရှိမဖြစ်လက်စွဲ ဓာတ်စာဟုပင် တင်စားခေါ်ဝေါ်နိုင်သည်။ဘုရားဖူးလာ ဧည့်သည် များအတွက် အဓိကရည်ရွယ်ထုတ်လုပ်ထားသော ပုန်းရည်ကြီးထုပ်ကလေးများသည် လက်ဆောင် ပေးသူများအတွက်လည်း မျက်နှာပန်းလှပြီး လက်ဆောင်ရရှိသူများအဖို့မှာလည်း အာနိသင်ပြည့်ဝ သည့် ပုန်းရည်ထုပ်ကလေးများကြောင့် ပျော်တပြုံးပြုံးမော်မဆုံး ရှိတတ်ကြပါသည်။အသင့

ချောက်မြို့နယ်တွင် လူဦးရေ(၂၂၀၀၀၀)ဝန်းကျင်ရှိပြီး၊ အများစုမှာ နိုင်ငံ့ဝန်ထမ်းများနှင့် ကျေးလက်နေပြည်သူများသာဖြစ်ကြပါသည်။ ချောက်မြို့နယ်တွင်၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၌ အဓိကစိုက်ပျိုးသော သီးနှံများမှာ မြေပဲ(၉၆၈၁၅)ဧက၊ နှမ်း(၂၆၄၈၉)ဧက၊ ပဲတီစိမ်း (၁၈၁၇၀)ဧက၊ ကုလားပဲ(၁၃၀)ဧက တို့ဖြစ်ကြောင်း လေ့လာသိရှိရပြီး စားဖိုဆောင်သီးနှံများ စိုက်ပျိုးမှု နည်းပါးကြောင်း တွေ့ရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် ပြည့်မှီစေရေး စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖ