ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၇)စုမှ ကျေးရွာစုစုပေါင်း(၁၈၀)ရွာ၌ စပါးစိုက်တောင်သူများ၏ နွေစပါးများစတင်ရိတ်သိမ်းလျှက်ရှိကြောင်း သိရပါသည်။မြို့သစ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ် စပါးစိုက်ဧက (၁၁၆၂၀)ဧက လျာထားလျှက်ရှိသော်လည်း စိုက်ဧက(၆၁၁၂)ဧကခန့် စိုက်ပျိုးခဲ့ပြီး စိုက်ဧကအပြည့်အဝ စိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်း သိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူဆိုင်ရာအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ " စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေး " မျှော်မှန်းချက်နှင့်အညီ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁၆.၆.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၂.6.၂၀၂၂)ရက်နေ့အတွင်း နှမ်းနက်(စမုံ)(၄၅ပိဿာ) ယခင်အပတ်(၁၇၅၀၀ဝိ/-) ယခုအပတ်(၁၇၅၀၀ဝိ/-)၊ နှမ်းပြာ ယခင်အပတ် (၁၆၀၀၀ဝိ/-) ယခုအပတ် (၁၆၀၀၀ဝိ/-)၊ နှမ်းဖြူ ယခင်အပတ်(၁၆၅၀၀ဝိ/-) ယခုအပတ်(၁၆၅၀၀ဝိ/-)၊ နှမ်းနီ ယခင်အပတ်(၁၆၅၀၀ဝိ/-) ယခုအပတ် (၁၆၅၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။