Main menu

အိမ်သုံးလျှပ်စစ် နှင့် ဆောက်လုပ်ရေးပစ္စည်းများ

Powered by Drupal

Recall number - 18-170

Date published – 6/6/2018

အမျိုးအစား - လျှပ်စစ်ပစ္စည်း

ကုန်ပစ္စည်း  - ဖန်မီးချောင်း

တံဆိပ်                - GE Lighting

ရောင်းချခဲ့သောအချိန် - 2017 November – 2018 April

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

အဆိုပါ ဖန်မီးချောင်း၏အစွန်းတစ်ဖက်တွင်ရှိသော pins (ငုပ်တိုင်) များသည် တပ်ဆင်နေစဉ် အချိန်တွင် သော်လည်းကောင်း၊ ဖြုတ်နေစဉ်အချိန်တွင်သော်လည်းကောင်း လျှပ်စစ်စီးဝင်နိုင်သော ကြောင့် ဓာတ်လိုက်မှုကိုဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။

အသိပေးချက်

သုံးစွဲသူများအနေဖြင့် အဆိုပါ ဖန်မီးချောင်းအား တပ်ဆင်ခြင်း (သို့) ဖြုတ်ခြင်း ပြုလုပ်ရာ၌ မီးခလုတ်အားပိတ်ထားသင့်ကြောင်း အသိပေးကြေညာထားသည့်အတွက် မြန်မာနိုင်ငံမှ စားသုံးသူများ သိရှိစေနိုင်ရန် အသိပေး တင်ပြအပ်ပါသည်။

ထုတ်လုပ်သည့်နိုင်ငံ - China

Source: United States Consumer Protect Safety Commission

Code: 042016814

ကုန်ပစ္စည်း- လေအေးပေးစက်

ကုန်ပစ္စည်းအမည်- Packaged Terminal Air Conditioners/Heat Pumps (PTACs)

မော်ဒန်နံပါတ် - EKTC15, EKTH15,  

PMC15, PMH12, PMH15, PTC15,

PTH12, PTH15, UCYB15 and UCYH15

 

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

အဆိုပါလေအေးပေးစက်၏ အပြင်ဘက်ပန်ကာမော်တာသည် အပူလွန်ကဲပြီးမီးလောင်ကျွမ်းမှုကိုဖြစ်စေနိုင်ကြောင်းဖော်ပြထားပါသည်။

အသိပေးချက်

စားသုံးသူများအနေဖြင့် Goodman သို့ ဆက်သွယ်ပြီးအခမဲ့ ပြန်လည်ပြင်ဆင်နိုင်ကြောင်းနှင့် ယခုအခါ အဆိုပါပစ္စည်းသုံးစွဲမှုများ၌ မီးလောင်ကျွမ်းမှုဖြစ်စဉ်များဖြစ်ပေါ်လျက်ရှိကြောင်းမြန်မာနိုင်ငံမှ စားသုံးသူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။

ထုတ်လုပ်သည့်နိုင်ငံ   - US

ရောင်းချခဲ့သောနေရာ - နိုင်ငံအဝှမ်းရှိ Goodman အရောင်းကိုယ်စားလှယ်များ

ရောင်းချခဲ့သောအချိန် - ၂၀၁၀ ခုနှစ် ဇန်နဝါရီလ မှ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ

ရောင်းချခဲ့သောစျေးနှုန်း - $700 မှ $1,400ကြား

Date published –8/2/2018

အမျိုးအစား- လျှပ်စစ်နှင့်နည်းပညာပစ္စည်း

ကုန်ပစ္စည်း     - အားသွင်းကိရိယာ

တံဆိပ်          - Comsol

ရောင်းချခဲ့သည့်ရက်စွဲ - May 2017- February 2018

မော်ဒန်နံပါတ် - WCU4WH

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

အဆိုပါ အားသွင်းကိရိယာ၏ ကိုယ်ထည်သည် ၂ပင်ထိုးပလပ်မှ ပြုတ်ထွက်နိုင်သည့်အတွက် ၄င်းပလပ်သည် အားသွင်းခုံတွင်ကျန်ရှိပြီးဓာတ်လိုက်မှုများဖြစ်စေနိုင်ကြောင်းအသိပေးကြေညာထားပါသည်။

အသိပေးချက်

အဆိုပါအားသွင်းကိရိယာသည်သုံးစွဲသူများအတွက်အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ၄င်းပစ္စည်းအားဆက်လက်မသုံးစွဲကြရန်နှင့် ၄င်းပစ္စည်းများအားရောင်းချခဲ့သော Officeworksစတိုးများတွင် ငွေကြေးဖြင့် ပြန်လည်လဲလှယ်နိုင်ကြောင်းဖော်ပြထားသည့်အတွက်မြန်မာနိုင်ငံမှစားသုံးသူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။

ထုတ်ကုန်အမျိုးအမည်                 -Australia Limited“ဖိုဒ့်” မော်တာကုမ္ပဏီမှထုတ်လုပ်သောဖိုဒ့်ရိန်းဂျားကား

Campaign number                   - 17S43

ထုတ်လုပ်သည့်နိုင်ငံ                    - Australia Limited“ဖိုဒ့်” မော်တာကုမ္ပဏီ

ဆောင်ရွက်ရသည့်အကြောင်းရင်း  -   “ဖိုဒ့်ရိန်းဂျား”ကားသည်မြက်ခင်းရှည်ပေါ်တွင် ဖြတ်သန်းမောင်းနှင်ပါကအိပ်ဇောအနီးရှိဘီး၏အောက်တွင် မြက်များစုပုံမှုဖြစ်ပေါ်လာနိုင်ကြောင်း

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ     -အချိန်ကြာမောင်းနှင်ပါကအိပ်ဇောသည်အပူချိန်မြင့်မားလာနိုင်ပြီးမြက်ပင်ရှည်များ(သို့)အခြားမီးလောင်လွယ်သောပစ္စည်းများစုပုံမိလျှင် ယင်းဘီးအောက်မှမီးခိုးများထွက်လာပြီး ၄င်းအိပ်ဇောမှမီးထတောက်မှုများဖြစ်ပေါ်နိုင်ကြောင်း

ဆောင်ရွက်သည့်နေ့ရက်               -  18/12/ 2017

Source: Australian Competition & Consumer Commission

နိုင်ငံ                                         -    

ထုတ်ကုန်အမျိုးအမည်                 -American Honda မီးစက်

ထုတ်လုပ်သည့်နိုင်ငံ                    - U.S

ဆောင်ရွက်သည့်ပုံစံ                    - ဌာနဆိုင်ရာမှ ပြန်သိမ်းခိုင်းခြင်း။

ဆောင်ရွက်ရသည့်အကြောင်းရင်း  -   မီးစက်၏carburettor မှ ဆီယိုစိမ့်နိုင်ပြီးမီးလောင်မှုကိုဖြစ်စေနိုင်ကြောင်း။

ဆောင်ရွက်သည့်နေ့ရက်               - ၂၁ - ၁၂ - ၂၀၁၇

Pages