ပြည်တွင်းကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို(၁၀:၁၀:၅)တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်၊ ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်)တစ်အိတ်လျှင် (၁၀၀၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်)တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၉၃၀၀၀)

တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် မိုးစပါးစိုက်ဧက ၈၉၁၄၈ ဧက စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုအခါ အချို့နေရာများ၌ ရိတ်သိမ်းနိုင်တော့မည်ဖြစ်ပါသည်။ ယခင်နှစ်က စပါးတင်းပေါင်း ၆၄ သိန်းကျော် ထွက်ရှိပါသည်။ ယခုနှစ်တွင် မိုးကောင်းမွန်စွာ ရွာပြီး ရေကြီးနစ်မြှုပ်မှုလည်း နည်းပါးသဖြင့် စပါးအထွက်ပိုမည်ဖြစ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်တွင် ရွှေဘိုမြို့၌ စားအုန်းဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရသည်။

တောင်ငူခရိုင်၊ ဖြူးမြို့တွင် ဩဂုတ်လက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၄၀၀၀ ကျပ် ရှိရာမှ ယခုစက်တင်ဘာလ စတုတ္ထပတ်တွင် တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် တက်ပြီး ဧည့်မထ(မိုး)ဆန် တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်၊ ဧည့်မထ(နွေ)ဆန် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်၊ မုံရွာခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင် စပါး/ဆန်ဈေးနှုန်းများအနည်းငယ်ကျဆင်းနေပြီး ကသာခရိုင်တွင် ဈေးအနည်းငယ်တက်နေပါကြောင်းသိရှိရပါသည်။
