ပြည်တွင်းကုန်သွယ်မှုသတင်းများ
မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တောင်ငူမြို့ပေါ်ရှိ လုပ်ငန်းရှင်များပူးပေါင်း၍ အခြေခံလူတန်းစားများနေထိုင်ရာရပ်ကွက်များတွင် ဆန်၊ ကြက်ဥနှင့် အမဲသား၊ ဝက်သား၊ ငါးများကို ရောင်းချပေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/660.jpg?itok=6AI3eT8I)
တောင်ငူမြို့၊ ညောင်ပင်ဈေးတွင်၊ အင်ဥများပေါ်နေပြီဖြစ်ပါသည်။ အင်ဥသည် အင်ပင်များ၏ အောက်ရှိအမြစ်များနှင့် ဆက်စပ်နေသောမှိုတစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ အင်ဥများကို ပဲခူးရိုးမတစ်ကြောတွင် ယခုကဲ့သို့ မိုးဦးကာလတွင် တွေ့ရပြီး တစ်နှစ်ပတ်လုံးတွင် တစ်ကြိမ်သာတွေ့ရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/659.jpg?itok=8pp8lJVO)
တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် မိုးရာသီစာ ဖလံတောင်ဝှေးများပေါ်နေပြီဖြစ်ပါသည်။ မြန်မာလူမျိုးများ၏ (၁၂) လရာသီတွင် ရာသီစာ အစားအစာများပေါ်စမြဲဖြစ်ပါသည်။ မြန်မာလူမျိုးများသည်လည်း တစ်နှစ်တွင် တစ်ခါသာပေါ်သော ရာသီစာ အစားအသောက်များကို နှစ်ခြိုက်စွာစားသုံးကြစမြဲဖြစ်ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/658.jpg?itok=b6JouwDD)
၂၉.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-