
မြိတ်မြို့တွင် ဒေသထွက်ကုန်ဖြစ်သော ငှက်သိုက်ကို သဘာဝအလျောက်ရရှိသလို လူတို့ပြု လုပ်ထားသော ငှက်သိုက်များမှလည်းရရှိကြသည်။ ပလိုတင်းဓါတ်ပြည့်ဝပြီး ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိခြင်းကြောင့် အဟာရဖြည့်စွက်စာအနေဖြင့်လည်းသောက်သုံးနိုင်သည်။ မြိတ်မြို့တွင် ငှက်သိုက်ကို တစ်ခါသောက်ငှက်သိုက်အရည်ပုလင်းများဖြင့် အချောထည်ပြုလုပ်ရောင်းချကြသလို ငှက်သိုက် အကြမ်း၊ အချောများဟူ၍ အမျိုးမျိုးရောင်းချလျက်ရှိသည်။ ဒေသတွင်းရောင်းချကြသလို ပြည်တွင်းရှိ အခြားတိုင်းနှင့်ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိသည်။
(၂၂.၇.၂၀၂၅)ရက်နေ့စျေးနှုန်းအရ မြိတ်မြို့တွင် ငှက်သိုက် တစ်ခါသောက်တစ်ပုလင်လျှင် ၇၅၀၀ ကျပ်ရှိပြီး ငှက်သိုက်အကြမ်းတစ်ပိဿာလျှင် ၄၀၀၀၀၀ ကျပ်ခန့်နှင့် ငှက်သိုက်အချောတစ်ပိဿာလျှင် ၈၀၀၀၀၀ ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)