
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ပင်လယ်ဝန်းရံလျက်ရှိသောဒေသဖြစ်သည့်အတွက် ပင်လယ်ထွက်ကုန်များဖြင့် ကျော်ကြားလျက်ရှိပါသည်။ ပင်လယ်ပြင်မှ ဖမ်းဆီရမိသောငါးများကို ငါးမုန့်အဖြစ်လည်း စီးပွားအဖြစ်ထုတ်လုပ် တင်ပို့ရောင်းချလျက်ရှိပါသည်။ တစ်နိုင်တစ်ပိုင်ပြုလုပ်ကြသလို ပြည်တွင်းဖြန့်ဖြူးရောင်းချရန်အတွက်လည်း ပြုလုပ်လျက်ရှိပါသည်။ ငါးမုန့်များပြုလုပ်ရာတွင် ငါး ကွမ်းရှပ်နှင့် ပလာတူးငါးတို့ကိုအဓိကထားအသုံးပြုလျက်ရှိသည်။ ငါးကွမ်းရှပ် ငါးမုန့်သည် အခြား ငါးမုန့်များထက် အရသာမိုပိုကောင်းမွန်သောကြောင့် လူကြိုက်များလျက်ရှိသည်။
ငါးကွန်းရှပ် ငါးမုန့် တစ်ပိဿာလျှင်(၆၅၀၀၀)ခန့်ကျပ်ရှိပြီး၊ ငါးကျပ်သားလျှင် (၃၅၀၀)ခန့် ကျပ်နှင့် တစ်ဆယ်ကျပ်သားလျှင် (၆၅၀၀)ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပလာတူး ငါးမုန့် တစ်ပိဿာကို (၂၀၀၀၀)ကျပ် ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)