ပြည်တွင်းကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မြန်မာ့လက်မှုပစ္စည်း ထန်းလျှော်နှင့် ဝါးနှီးထွက်ပစ္စည်းများ ရောင်းချလျက်ရှိရာ ဈေးနှုန်းဈေးကွက်အခြေအနေများ သိရှိနိုင်ရန် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့သည် ဈေးဆိုင်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းမှာဆိုလျှင် မြင်းခြံခရိုင်၏ ဆောင်းကြက်သွန်နီမှာ အကြီးစတစ်ပိဿာလျှင် (၃၆၀၀)ကျပ်မှ(၄၂၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင်(၂၉၀၀)ကျပ်မှ (၃၄၀၀)ကျပ်၊ အသေးစတစ်ပိဿာလျှင်(၂၆၀၀)ကျပ်မှ(၃၀၀၀)ကျပ်ဖြင့် အမျိုးအစားလိုက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်တစ်ပတ်တွင် ဆောင်းကြက်သွန်နီ အကြီးစတစ်ပိဿာလျှင် (၃၅၀၀)ကျပ်မှ(၄၀၀၀)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဆောင်းသီးနှံမြေပဲများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ထိုသို့စိုက်ပျိုးရာတွင် မျိုးမြေပဲဆံများကို ဒေသတွင်းတောင်သူများထံမှလည်းကောင်း၊ အခြားဒေသများမှလည်းကောင်းဝယ်ယူရကြောင်း၊ ဆီစက်လုပ်ငန်းရှင်အချ
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ထန်းကိုင်းကျေးရွာ၌ ဖူးစားပြောင်း (အဖြူ)မျိုးကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် တောင်သူ(၁၅)ဦးက စိုက်ဧက (၂၅)ဧကခန့် စိုက်ပျိုးထားကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ် သီးနှံပွဲရုံများတွင် မကွေးခရိုင်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများမှထွက်ရှိသည့် နှမ်းများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။