ပြည်တွင်းကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိ
၂၀၂၄ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီးများကို မန္တလေးတိုင်းဒေသကြီး မှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
တောင်ငူမြို့တွင် အာလူးဈေးနှုန်းမှာ ယခင်အောက်တိုဘာလအစောပိုင်းခန့်က တစ်ပိဿာလျှင် အသေး ၃၅၀၀ကျပ်၊ အလတ် ၄၀၀၀ကျပ်နှင့် အကြီး ၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုနိုဝင်ဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် အသေး ၄၀၀၀ကျပ်၊ အလတ် ၄၅၀၀ကျပ်နှင့် အကြီး ၅၇၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၇၀၀ကျပ်အထိဈေးမြင့်တက်လာပါသည်။
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ရွှေဖရုံသီးများစိုက်ပျိုးထားရှိသဖြင့် ဈေးနှုန်းဈေးကွက်အခြေအနေနှင့် အကျိုးအမြတ်ရရှိမှုအားသိရှိနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (၄-၁၁-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးဧကမှာ (၁၅၃၆၁၀)ဧကဖြစ်ပါသည်။ ယခုအခါ ပုလဲ၊ ကံမြင့်၊ ပျဉ်းမကန်၊ ရဲနွဲ၊ အိဿယျ၊ သုံးခွအနောက်၊ စပါယ်ချောင်၊ ကြုံကြိတ်၊ ဆယ်ရွာ၊ သဒပ္ဗန၊ ဘုရားကြီး၊ ကျားဘို၊ ပတုပ်၊ ပုဂံတောင် စသည့် ကျေးရွာအုပ်စု(၆၄)အုပ်စုတွင် စိုက်ပျိုးထားသော မိုးစပါးများအား ရိတ်သိမ်းနေ