
မိုးနှမ်းများကို မေလ၊ ဇွန်လနှင့်ဇူလိုင်လတို့တွင် စတင်စိုက်ပျိုးကြပြီး ဩဂုတ်လ၊ စက်တင် ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်၊ တောင်သာမြို့နယ်အနေဖြင့် မိုးနှမ်းစီမံကိန်း (၄၆၅၇၈)ဧကလျာထားခဲ့ပြီး စိုက်ပျိုးပြီး ဧက (၄၆၅၇၈)ဧကတွင် ဧကအားလုံးရိတ်သိမ်းခဲ့ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၅-၆)တင်းခန့် ထွက်ရှိခဲ့ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။ တစ်ဧက လျှင်မျိုးစေ့(၄)ပြည် စိုက်ပျိုးကြောင်း၊ ထွန်ကြောင်းဆွဲပြီး ကြဲပတ်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၃၂၀,၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ထွက်ပေါ်ချိန်ရောင်းဈေးအနေဖြင့် တစ်တင်းလျှင်(၉၀,၀၀၀) ကျပ်ခန့်ရရှိကြောင်း၊ တောင်သူအကျိုးအမြတ်အနေဖြင့် (၂၀၀,၀၀၀)ကျပ်ခန့်ရရှိပြီး အကျိုးအမြတ်ရရှိကြောင်း မိုးနှမ်း စိုက် တောင်သူစ်ဦး၏ပြောပြချက်အရသိရှိရသည်။ တောင်သာမြို့နယ်တွင် မိုးနှမ်းများကို ကန်ရွာ၊ ကုန်းသာရွာ၊ နန်းတည်ရွာ၊ ထနောင်းကုန်းရွာ နှင့် ဇရပ်ကြီးကျေးရွာများတွင် စိုက်ပျိုးထားရှိကြောင်း၊ နှမ်းကိုကြိတ်ခွဲ၍ ဒေသတွင်းကျေးရွာများ၌ နှမ်းဆီအဖြစ်အသုံးပြီး နှမ်းစေ့ကို မုန့်လုပ်ငန်းနှင့် လဖက်ပဲကြော်လုပ်ငန်းများတွင် အသုံးပြုကြ သည်။ နှမ်းဆီကြိတ်ဖတ်များကိုလည်း တိရိစ္ဆာန်အစာအဖြစ် အသုံးပြုကြပါသည်။ ကျေးရွာများမှ ထွက်ရှိသောနှမ်းများကို မြင်းခြံမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချ ကြောင်းသိရှိရသည်။
DOCA(မန္တလေး)
