Main menu

ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
08 Nov 2024

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် မိုးစပါးလျာထားစိုက်ဧက (၈၈၀၉၉)ဧကအား ဖြစ်ထွန်းအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှသိရှိခဲ့ရပြီး ယခုအချိန်တွင် လယ်ယာမြေများ စတင်ရိတ်သိမ်းခြွေလှေ့နေပြီဖြစ်ကြောင်းသိရသည်။

08 Nov 2024

              ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မြို့နယ်၌ မိုးစပါး စိုက်ဧက (၉၈၉၉၃) နှစ်စဉ်စိုက်ပျိုးကြောင်းသိရပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး အောက်တိုဘာလ တတိယပတ် (၁၈)ရက်နေ့တွင် စတင်ရိတ်သိမ်းနေကြပြီး အထွက်နှုန်းကောင်း၍ အရောင်းအဝယ်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

08 Nov 2024

                 မြန်မာနိုင်ငံတစ်ဝှမ်းထင်ပေါ်ကျော်ကြားသော လက်မှု့လုပ်ငန်းများတွင် မန္တလေးမြို့မှ ရွှေချည်ထိုး၊ ငွေချည်ထိုးလုပ်ငန်း၊ ပုဂံမြို့မှ ယွန်းထည်လုပ်ငန်းအပြင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ထုတ်လုပ်လျက်ရှိသော မြန်မာ့ရိုးရာလက်မှုအနုပညာ ပုသိမ်ထီးလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာမှာပင်နာမည်ကျော်ကြား၍ ပြည်တွင်း ပ

08 Nov 2024

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဒို့တောင်သူ၊ ကျော်၊ မိုးမခ၊ သီဟကမ္ဘာ၊ သိန်း၊ ဟိန်းစည်ဆိုင်များတွင် အိမ်ဆောက်ပစ္စည်းများသာမက ဘိလပ်မြေအမျိုးမျိုးကိုလည်းရောင်းချလျက်ရှိကြောင်း၊ ရောင်းချလျက်ရှိသော ဘိလပ်မြေများမှာ ကြံနှစ်ကောင်၊ အပါချီ၊ အယ်ဖာတို့ဖြစ်ကြောင်းသိရသည်။

08 Nov 2024

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဒေသတွင် ပဲစင်းငုံနီ၊ ပဲတီစိမ်း၊ ပဲနှောက်၊ ကုလားပဲ၊ ပဲနီပြား၊ ပဲယဉ်းအမျိုးမျိုး၊ ပဲဇီးကွက်၊ အခြားပဲများနှင့်နှမ်းအမျိုးမျိုးကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ အဓိကတင်ပို့သော ပဲများမှာ ပဲစဉ်းငုံနီ၊ ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲနီပြား၊ ပဲယဉ်းအမျိုးမျိုး၊ နှမ်းအမျိုးမျိုးနှင့် ကြက်သွန်နီများကို အများဆုံးတင်ပို့

Pages