
မြင်းခြံမြို့နယ်သည် ၂၀၂၅-၂၀၂၆ ခုနှစ် ပဲစဉ်းငုံစိုက်ပျိုးဧက(၆၀၀၃)ဧက စိုက်ပျိုးထား ကြောင်း၊ စိုက်ပျိုးထားသော သီးနှံမှာလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းတွင် ပဲစဉ်းငုံသီးများ ရင့်နေပြီဖြစ်သောကြောင့် ပဲစဉ်းငုံစိုက်ပျိုး သောကျေးရွာများမှ မြင်းခြံမြို့ရှိ အေးမြသီတာဈေးသို့ လာရောက်ရောင်းချနေကြောင်း သိရသည်။ ပဲစဉ်းငုံသီးသည် တစ်နှစ်မှ တစ်ခါသာပေါ်သော အသီးဖြစ်သောကြောင့် လူအများကြိုက် နှစ်သက် ကြောင်း၊ ဗီတာမင် ဘီနှင့်စီ တို့ပါဝင်သောကြောင့် ခန္ဓာကိုယ်ကို ကြီးထွားမှုဖြစ်စေခြင်း၊ ကိုယ်ခံစွမ်း အား မြင့်တက်စေခြင်းတို့ကြောင့် ကျန်းမာရေးနှင့်လည်း ညီညွတ်သောကြောင့် စားသုံးမှုများ ကြောင်း သိရသည်။ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် အေးမြသီတာဈေး၌ ရောင်းချသော ပဲစဉ်းငုံသီးအစို အခွံနွှာပြီး နို့ဆီဗူးတစ်ဗူးလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)
