Main menu

MSME လုပ်ငန်းဖြစ်သောနနွင်းမှုန့်၊အရောင်တင်မှုန့်နှင့်ငရုတ်ခွဲကြမ်း ဈေးနှုန်းများကျဆင်းလာခြင်း

Powered by Drupal

   မြင်းခြံမြို့ရှိရပ်ကွက်နှင့် ကျေးရွာများတွင် မိသားစုတစ်နိုင်တစ်ပိုင်စားဝတ်နေရေးအတွက် MSME လုပ်ငန်းဖြစ်သော အမှုန့်ကြိတ်စက်များဖြင့် အမှုန့်အမျိုးမျိုးကြိတ်ခွဲထုတ်လုပ် ရောင်းချ လျက်ရှိကြောင်း၊ ၂၀၂၆ခုနှစ် ဇန်နဝါရီလ၌ နနွင်းမှုန့်တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ အရောင်တင် မှုန့်တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်၊ ငရုတ်ခွဲကြမ်း တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်ပေါက်ဈေး များဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် နနွင်းမှုန့်၊ အရောင်တင်မှုန့် နှင့် ငရုတ်ခွဲကြမ်းအစစုံ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ခန့်ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရရှိသည်။ ငရုတ်နှင့် နနွင်းတက်များ ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းများ ကျဆင်းခြင်း ဖြစ်ကြောင်း၊ အရည်အသွေးအမျိုးအစား ပေါ်မှုတည်၍ ဈေးနှုန်းများ အနည်းငယ် ကွာခြားကြောင်း၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်နှင့် ငရုတ်ခွဲကြမ်းများကို ဟင်းလျာများချက်ပြုတ်ရာ၌ နေ့စဉ်ဟင်းလျာ များ ချက်ပြုတ်ရာတွင် အသုံးပြုသောကြောင့် အရောင်းအဝယ်ကောင်းကြောင်း၊ စက်ကြိတ်ခွဲရာ၌ တစ်လလျှင် (၁၅-၂၀) ရက်သာ ကြိတ်ခွဲထုတ်လုပ်ရကြောင်း၊ သုံးစွဲမှုအနေဖြင့် မြို့‌ပေါ်ရှိရပ်ကွက်များ နှင့် ကျေးရွာများအပါအဝင်  တောင်သာမြို့နှင့် နွားထိုးကြီးမြို့သို့ တင်ပို့ရောင်းချကြောင်းသိရှိရသည်။ အမှုန့်ကြိတ်ခွဲ  ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းသီးနှံဖြစ်သော နနွင်းတက်များကို ကျောက်ဆည်မြို့ မှဝယ်ယူကြောင်း၊ ဒေသတွင်းထွက်ရှိသော ငရုတ်သီးခြောက်အတောင့်များကို ကြိတ်ခွဲထုတ်လုပ် ကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)