ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအုပ်စုရှိ ဂျင်ရဲမြောင်(စံပြ) ကျေးရွာသည် ကုလားပဲ၊ ပြောင်း၊ ကြက်သွန်နီနှင့် အခြားမီးဖိုချောင်သုံးသီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိပြီး ဝါသီးနှံ(၈၀)ဧကကို တောင်သူ(၇၀)ဦးမှ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်) တွင် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ညောင်ဝန်းကျေးရွာတွင် စားဖိုဆောင်သုံးသီးနှံဖြစ်သည့် ငရုတ်သီးနှံကို စိုက်ဧက (၂၀)ခန့် စိုက်ပျိုးထားကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ဝါနှင့် ပဲမျိုးစုံတို့ကို အဓိကထား စိုက်ပျိုးလျက်ရှိပြီး ကွင်းကျေးရွာတွင် ဆောင်းမြေပဲစိုက်ဧက (၁၂၀)ခန့် စိုက်ပျိုးထားကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် နှစ်စဉ် မိုးစပါးစိုက်ဧက (၁၁၇၅၁၂)ဧက စိုက်ပျိုးလျက်ရှိပြီး၊ အောက်တိုဘာလနောက်ဆုံးပတ်တွင် စတင်ရိတ်သိမ်းလျက် ရှိပါ သည်။ ထွက်ရှိလာသော စပါးများကို ဒေသအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၃၀-၁၀-၂၀၂၄) ရက်နေ့မှ (၄-၁၁-၂၀၂၄) ရက်နေ့ထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၁၇၉၈၃) အိတ်၊ ပေါ်ကျွဲ (၅၇၃၇) အိတ်၊ ဧည့်မထ (၅၄၅၀၂) အိတ်၊ ဆန်ကွဲ (၁၄၀၈၇) အ