Main menu

“ကျောက်ဆည်မြို့နယ်တွင် ဆောင်းပြောင်းဖူးများစတင်စိုက်ပျိုး”

Powered by Drupal

       ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းပြောင်းဖူးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နိုဝင်ဘာလဆန်းမှစတင်၍ ဆောင်းပြောင်းဖူးစိုက်ဧက မြို့နယ်အတွင်း (၂၇၂၈) ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ အများဆုံးစိုက်ပျိုးသောမျိုးများမှာ သကြားပြောင်းမျိုးဖြစ်ပြီး (၁)ဧက မျိုးအနေဖြင့် ပြောင်းဖူးစေ့ (၈)ပြည် စိုက်ပျိုးရကြောင်း၊ မျိုးစျေးနှုန်းအနေဖြင့် မျိုးစေ့(၁)ပြည်လျှင်(၅၀၀၀/-) ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း၊ ဆောင်းပြောင်းဖူးများကို မတ်လဆန်းပိုင်းတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ (၁)ဧက စိုက်ပျိုမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်စုစုပေါင်း(၄၅၀၀၀၀/-) ကျပ်အထိကုန်ကျကြောင်း၊(၁)ဧကအထွက်နှုန်းအနေဖြင့် ပြောင်းဖူး စုစုပေါင်း(၄၅၀၀-၅၀၀၀)ဖူးခန့် ထွက်ရှိကြောင်း၊ ယခင်နှစ် ပြောင်းဖူးစျေးနှုန်းအနေဖြင့် တစ်ဖူးလျှင် လက်ကား (၃၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ပြောင်းဖူးပြုတ် တစ်ဖူးလျှင်(၇၀၀-၈၀၀)ကျပ်စျေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခုလက်ရှိ ပေါက်ဈေးအနေဖြင့် တစ်ဖူးလျှင် လက်ကား (၅၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ပြောင်းဖူးပြုတ် တစ်ဖူးလျှင်(၈၀၀-၁၀၀၀)ကျပ်စျေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ပြောင်းဖူးကို လူကြိုက်များသောကြောင့် အရောင်းသွက်ကြောင်း၊ အိမ်ရှင်မများမှ ပြောင်းဖူးကို သရေစာအဖြစ်စားသုံးကြသလို ပြောင်းဖူးကြော်၊ ပြောင်းဖူးသုပ်၊ ပြောင်းဖူးထောင်းအနေဖြင့် အမျိုးမျိုးစားသုံးကြကြောင်း၊ ပြောင်းဖူးကို ပွဲစားများမှအခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှတဆင့် ရန်ကုန်၊ မန္တလေး ကားလမ်းဘေးတွင်လည်း ရောင်းချပေးလျက်ရှိကြောင်း၊ ယခင်နှစ် အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး(၉၀၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း၊ ဆောင်းပြောင်းဖူးများ ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများကောင်းမွန်ပါက တောင်သူများ ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းနိုင်ကြောင်း ပြောင်းဖူးစိုက်‌တောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးဖူလုံသည့်အပြင် အကျိုးအမြတ်ဖြစ်ထွန်းသော ပြောင်းဖူးသီးနှံကိုလည်းတိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)