Main menu

“ ပဲယဉ်းစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်”

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ပဲမျိုးစုံသီးနှံဖြစ်သည့် တိုင်ထောင်ပဲ၊ မတ်ပဲ၊ ပဲကြီး၊ ကုလားပဲ၊ ပဲစဉ်းငုံသီးနှံများအပြင်၊ ပဲယဉ်းသီးနှံကိုလည်း စိုက်ပျိုးလာကြပါသည်။ မြို့နယ်အတွင်း ပဲယဉ်းစိုက်ဧက (၅၁၀)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ အောက်တိုဘာ လဆန်းမှစတင်၍ ပဲယဉ်းသီးနှံများ စတင်စိုက်ပျိုးလျက်ရှိပါသည်။ အများဆုံး စိုက်ပျိုးသောရွာများမှာ ကျီတိုင်၊ နွားကူးလေး၊ ပခမ်းနှင့် ခင်လည်ကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး(၄)လအကြာတွင် ထွက်ရှိမည်ဖြစ်ကြောင်း၊ ပဲယဉ်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၂)ပြီခန့် ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၁၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ပဲယဉ်းသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောမျိုးများမှာ ပဲယဉ်းကြီးမျိုးနှင့်ပဲယဉ်းသေးမျိုးများကိုသာ စိုက်ပျိုးကြကြောင်း၊ ယခင်နှစ် ပဲယဉ်းပေါ်ချိန်တွင် အထွက်နှုန်းအနေဖြင့် (၂၅-၃၀)တင်း ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ် ပဲယဉ်းဈေးနှုန်းအနေဖြင့် တစ်တင်းလျင် (၄၅၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြောင်း၊ ကုန်ကျစရိတ်နုတ်ပြီးပါက (၉၇၅၀၀၀) ကျပ် မြတ်ခဲ့ကြောင်း၊ ယခုလက်ရှိပဲယဉ်းပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် (၈၂၅၀၀)ကျပ်ခန့် ရောင်းဝယ်လျက်ရှိကြောင်း၊ ပဲယဉ်းသီးနှံပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက် တင်ပို့ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပဲစားသုံးခြင်းဖြင့် ပရိုတင်းဓာတ်ပြည့်ဝစွာရရှိခြင်း၊ နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေခြင်း၊ အဟာရဓာတ်ပေါများစွာပါဝင်ကြောင်း လေ့လာသိရှိရပါသည်။ စိုက်ပျိုးစရိတ်သက်သာပြီး စီးပွားဖြစ်ဝင်ငွေတိုးသော ပဲယဉ်းသီးနှံကို တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တ‌လေး)