
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် ကန်းရိုးတန်းဒေသတွင်ပေါက်ရောက်သောဓနိပင်များပေါက်ရောက်သကဲ့သို့ထန်ပင်များလည်း ပေါက် ရောက်လျက်ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၊ အထက်ပိုင်းနှင့် တောင်ပိုင်း ဒေသများတွင် အများဆုံးပေါက်ရောက်လျက်ရှိပါသည်။ ပူပြင်းခြောက်သွေ့သောရာသီကို ကြိုက်နှစ် သက်ပြီး မိုးရေချိန်(၂၀)မှ (၄၀)လက်မအတွင်းတွင် ကောင်းစွာကြီးထွားနိုင်သည်။ ဒေသတွင်ပေါက် ရောက်သော ထန်းပင်မှ အိမ်သုံးပစ္စည်းများအပြင် အစားအသောက်နှင့် သောက်စရာထန်းရည်တို့ရရှိ နိုင်ပါသည်။ ဒေသထွက်ကုန်အဖြစ်ထုတ်လုပ်ရာတွင် အသုံးဝင်သောအပင်ဖြစ်ပြီး ထန်းပင်မှ ထန်သီး ကို အချိုရည်၊ ရေခဲသုတ်၊ အသုတ်များနှင့် အစိမ်းလိုက်စားသောက်ကြလေ့ရှိပါသည်။
ထန်းသီးတွင် ထန်းသီဆံ(၃)ခုပါဝင်ပြီး နို့စိမ်း၊ သကြားများဖြင့်အများဆုံးစားသုံးကြလေ့ရှိပါ သည်။ ထန်းသီးကို ထန်းသီးကျောက်ချောအဖြစ်လည်း ပြုလုပ်ရောင်းချကြလေ့ရှိသည်။ ထန်းသီးမှာ ရေဓာတ်အများဆုံးပါဝင်နေတာဖြစ်ပြီး ဗီတာမင်နဲ့သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်နေပြီး အရေပြား အတွက် ကောင်းမွန်စေခြင်း၊ နှလုံးသွေးကြောကောင်းမွန်ခြင်းနှင့် ကိုယ်ခံအားစနစ် ကောင်းမွန် ကြောင်း သိရှိရပါသည်။ ဒေသတွင် ထန်းသီးကို တစ်နိုင်တစ်ပိုင် စီးပွားဖြစ်ရောင်းချကြပြီး လမ်းနံဘေး နှင့် သစ်သီးအရောင်းဆိုင်များတွင်ရောင်းချကြလေ့ရှိပါသည်။ ရောင်းချရာတွင် ထန်းသီးကို အခွံခွာပြီး အထဲမှ ထန်းသီးဆံကို ပြန်လည်ထုတ်ပိုး၍ရောင်းချကြပါသည်။ မြိတ်ဒေသတွင် ထန်းသီး တစ်လုံး လျှင် ၂၅၀၀ခန့်စျေးရရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
