ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၈.၂၀၂၂)နေ့ နံနက်ပိုင်းတွင် ပေါင်းတည်မြို့နယ်အတွင်းရှိ ပေါက်တန်းအုပ်စု၊ ပေါက်တန်း ကျေးရွာသို့ သွားရောက်၍ ကျောက်စိမ်းငရုတ်စိုစိုက်ပျိုးသူ တောင်သူနှင့် တွေ့ဆုံ၍ ငရုတ်စိုစိုက်ပျိုး ထုတ်လုပ်မှုနှင့် တစ်ဧကကုန်ကျစရိတ်၊ ဈေးနှုန်းဈေးကွက်အခြေအနေများအ
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ဩဂုတ်လတွင် မိုးမြေပဲများ စတင်ထွက် ပေါ်နေပြီဖြစ်သဖြင့် မိုးမြေပဲစိုက်ပျိုးထွက်ရှိမှု၊ အကျိုးအမြတ်နှင့် ဈေးနှုန်းဈေးကွက် အခြေအနေတို့အား သိရှိနိုင်ရန် ရွှေတောင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ကွင်းဆင်းဆွေးနွေး လေ့လာခဲ့ပါသည်။
ပြည်ကုန်စည်ဒိုင်တွင် ပဲဈေးများ တက်လျှက်ရှိပြီး ယခင်နှစ်ဈေးနှင့်နှိုင်းယှဉ်လျှင် ယခုနှစ်ပဲဈေးမှာ တက်နေကြောင်းသိရပြီး ပြည်ပတင်ပို့လျှက်ရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ကုလားပဲဈေးမှာ တက်လျှက်ရှိပါသည်။ မြို့တွင်းအဝယ်ရှိသော စားတော်ပဲ၊ ဘိုကိတ်ပဲ၊ ပဲကြီးဈေးများမှာလည်း ဈေးတက်လျှက်ရှိပါသည်။
ယခုတစ်ပတ်ပြည်ဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ တစ်ပိဿာလျှင် ယခင် ၂၄၀၀ကျပ်နှုန်း ရှိခဲ့ရာ ယခု ၃၃၀၀ကျပ်နှုန်းရှိ၍ ပျမ်းမျှ ၉၀၀နှုန်းဖြင့် အဆမတန် ဈေးမြင့်တက်ခဲ့ပါသည်။ ပွဲရုံ လက်ကားလုပ်ငန်းရှင်များမှာလည်း သယ်ယူစရိတ်များ မြင့်တက်နေသဖြင့် ဈေးနှုန်းများ တက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယခင်လို အိတ်အများအပြားမှာယူ ရောင
ပြည်ဈေးကွက်သို့ ယခုအချိန် ကျွဲကော်သီးများ ရွှေတောင်ဘက်မှ ဝင်ရောက်လာသည်ကို တွေ့ရှိ ရပါသည်။ ကျွဲကော်ပင်သည် နှစ်ရှည်မျိုးဖြစ်သည့်အတွက် ယခုလို မိုးတွင်းကာလတွင် ကျွဲကော်သီးများ ပေါ်ထွက်လာ၍ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ကျွဲကော်သီးမှာ အဝါရောင် အသီးနှင့် ပန်းရောင်အသီးဟူ၍ နှစ်မျိုးရှိပါသည်။ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာ