ပြည်တွင်းကုန်သွယ်မှုသတင်းများ
ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းရှိ မူးကမ်းရိုးများ အင်းအိုင်များအတွင်းမှ ထွက်ရှိသော ပိတ်စွယ် (ရှင်မွှေးလွန်း)ကို ကန့်ဘလူ၊ ကျွန်းလှဒေသတွင်မက ဒေသတိုင်းတွင် လူကြိုက်များပြီး ဆေးဖက်လဲဝင်သလို အစားအသုံးများကြသော ပိတ်စွယ်ဖြစ်ပါသည်။ ပိတ်စွယ် (ရှင်မွှေးလွန်း)ကို ကန့်ဘလူဒေသမှာဆိုရင် ပိုးဇာကုန်းကျေးရ
နံ့သာငါးပါးထဲတွင်ပါဝင်သော စန္ဒကူး(ခေါ်)နံ့သာဖြူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကပင် အာရှဒေသများတွင် အလေးအနက်ထားသုံးစွဲခဲ့ကြသည့် အပင်တစ်မျိုးဖြစ်ပါသည်။ စန္ဒကူး(ခေါ်)နံ့သာဖြူသည် ဆေးဖက်ဝင်သည့်အပြင် ၎င်းအပင်ကိုအမွှေးနံ့သာအဖြစ်လည်း အသုံးပြုလျက်ရှိကြပြီး အချို့သောဘာသာရေးအခမ်းအနားများတွင်လည်း အမွှေးနံ့သာအဖြစ် အသုံးပြုကြပါသည်

မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊ စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။
မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၈၀၀၀၀ကျပ်၊ ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၇၀၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)(တစ်အိတ်)လျှင် ၅၅၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၄၅၀-၁၂၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၁၀၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ (တ
