ပြည်တွင်းကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၁၃/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။
၂၅.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အနေဖြင့် နွေနှမ်းများ အောင်မြင်စွာ စိုက်ပျိုးပြီးစီးလျက် ရှိပါသည်။ ၂၀၂၃ ခုနှစ်တွင် နွေနှမ်းလျာထားစိုက်ဧက (၃၉၇၀၃)ဧက စိုက်ပျိုးနိုင်ရန်လျာထားလျက်ရှိရာ အမှန်စိုက်ပျိုးဧက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် (၂၈၁၃၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ နွေနှမ်းစိုက
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ပဲခူးမြို့တွင်စားအုန်းဆီဈေးများဆက်လက် မြင့်တက်လျက်ရှိပါသည်။ သင်္ကြန်မတိုင်မှီကာလက စားအုန်းဆီတစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး သင်္ကြန်ပြီးကာလတွင်၅၂၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်မားသွားကြောင်း သိရှိရပါသည် ။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေဟင်္သာဘုရားလမ်းရှိ အေးမေတ္တာ တန်(၂၀၀)ကျဆန်စက်ကြီးသည် စပါးခွံဓါတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓါတ်အားရရှိအောင် ဆောင်ရွက်နေပါသည်။ တောင်ငူမြို့နယ်တွင် နွေစပါး ၁၈၇၄၁ ဧက စိုက်ပျိုးထားရာ နွေစပါးထွက်ရှိလာချိန်တွင် လုံလောက်သော လျှပ်စစ်ဓါတ်အားရရှိအောင် ကိုယ်ပိုင်အရင်း