ပြည်တွင်းကုန်သွယ်မှုသတင်းများ
ရွှေဘိုမြို့ပေါ်ရှိ အောင်ဇေယျဈေးတွင် ဆိုင်ခန်းပေါင်း (၁၀၀)ကျော်နှင့် ပျံကျဈေးသည်များအပြင် မိုးကုတ်မြို့သို့တင်ပို့ရောင်းချသည့် သီးနှံလက်ကားဒိုင်များဖြင့် နေ့စဉ် နံနက် (၆)နာရီမှ နေ့လယ် (၂)နာရီအထိ ပိတ်ရက်မရှိ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ အမှတ်(၇)ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ (၁.၂.၂၀၂၃)ရက်နေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်ပန်းတောင်းတပ်နယ်မှဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများပူးပေါင်းကာ အခြေခံစားသောက်ကုန် များအား ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားရလောက်အောင် ဆီထွက်သီးနှံ နှမ်း၊ မြေပဲတို့အား အဓိကထားစိုက်ပျိုးကြသော်လည်း စပါးကို မကွေးမြို့နယ်အနေဖြင့် (၂၃၅၂) ဧကသာ စိုက်ပျိုးကြသဖြင့် ဆန်ဖူလုံမှုမရှိ၍ စပါးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ

ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဇန်နဝါရီလ(စတုတ္ထ)ပတ်အတွင်း မိုးကြက်သွန်နီ(အသစ်)များ တစ်ရက်လျှင် ပျမ်းမျှ ကြက်သွန်နီကုန်ချိန် ပိဿာ(၅)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၅)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။