Main menu

ဇလွန်မြို့နယ်တွင် ဂေါ်ဖီထုပ်များ စတင်ထွက်ရှိ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို ရာသီအလိုက်လုပ်ကိုင်ကြပြီး ယခုနှစ်‌ဆောင်းရာသီတွင် ဂေါ်ဖီထုပ် များကို အများဆုံးစိုက်ပျိုးကြကြောင်းသိရှိရပါသည်။ဂေါ်ဖီထုပ်မျိုးအနေဖြင့် သက်လျင မျိုးနှင့် သက်ကြီးမျိုး ဟူ၍ ရှိပြီး ဇလွန်မြို့နယ် သဲကုန်းကျေးရွာတွင် သက်လျင်ဂေါ်ဖီထုပ်မျိုးကိုသာ စိုက်ပျိုးကြပါသည်။ (၆.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဇလွန်မြို့နယ်တာဝန် ခံ ဦးသန့်ဇင်ဦးမှ သဲကုန်းကျေးရွာနေ တောင်သူ ဦးခင်ဝင်း စိုက်ပျိုးထားသော (ဒဿမ ၂၀)ဧကရှိ သက်လျင် ဂေါ်ဖီထုပ်စိုက်ခင်းသို့ ကွင်းဆင်းလေ့လာခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းရာ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးသော ဂေါ်ဖီထုပ်များသည် ဖေဖော်ဝါရီလ ပထမပတ်တွင် စတင်ခူးစွတ်ရောင်းချနေပြီဖြစ်ကြောင်း၊ ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးရပြီး(ဒဿမ ၂၀)ဧကတွင် စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုးစေ့တစ်ထုပ်လျှင်(၁၈၀၀၀/-) ကျပ်ဖြင့် ဝယ်ယူရပြီး  သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းငွေကျပ် ၅ သိန်းခန့် ကုန်ကျပြီး၊ အထွက်နှုန်းအနေဖြင့် ဂေါ်ဖီအထုပ်ရေ ၁၅၀၀ ခန့် ထွက်ရှိကြောင်း သိရှိရပါသည်။  ဈေးနှုန်းအနေဖြင့် ဂေါ်ဖီတစ်ထုပ်လျှင် ၁၄၀၀ ကျပ်ဖြင့် ရောင်းချရပြီး ၁၆ သိန်းကျပ်ဝန်းကျင် အကျိုးအမြတ်ရရှိကြောင်း တောင်သူ ဦးခင်ဝင်းထံမှ သိရသည်။  ဈေးကွက်အနေဖြင့် ဒေသတွင်း ရောင်းချမှုအပြင် အဝယ်ဒိုင်များမှ တစ်ဆင့် အခြားဒေသများသို့လည်း  တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)