Main menu

မင်းလှမြို့နယ် ကြက်သွန်နီဈေးကွက်

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ်ရှိ ကြက်သွန်နီဈေးကွက်အခြေအနေမှာ ၂၀၂၃ခုနှစ်၊ ဧပြီလ ဒုတိယပတ်တွင် ကြက်သွန်နီဈေးနှုန်းမှာ ကြက်သွန်နီအသေးတစ်ပိဿာလျှင် ၁၂၀၀ကျပ် ၊ ကြက်သွန်နီ အလတ်တစ်ပိဿာလျှင် ၁၄၀၀ကျပ် ၊ ကြက်သွန်နီ အကြီးတစ်ပိဿာလျှင် ၁၆၀၀ ကျပ်ဖြင့် အသီးသီး ဈေးနှုန်းများ ရှိခဲ့သော်လည်း သင်္ကြန်ကာလအပြီး မေလ ဒုတိယအပတ်ထိ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိပါသည် ။ မေလတတိယပတ်နှင့် ယခုလက်ရှိဈေးနှုန်းမှာ ကြက်သွန်နီ အသေး တစ်ပိဿာလျှင် ၂၂၀၀ကျပ် ၊ အလတ်တစ်ပိဿာလျှင် ၂၅၀၀ကျပ် ၊ အကြီးတစ်ပိဿာလျှင် ၃၅၀၀ ကျပ်ထိရှိနေကြောင်း သိရှိရသည်။

DOCA(ပဲခူး)