Main menu

မင်းလှမြို့နယ် ဆန်စပါးဈေးကွက်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ်ရှိ စပါး/ဆန်ဈေးကွက်အခြေအနေမှာ ၂၀၂၃ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်တွင် ဈေးအနည်းငယ်ငြိမ်နေပြီး မေလဆန်းမှစ၍ စပါး/ဆန်/ပဲဈေးနှုန်းများ မြင့်တက်လျက်ရှိပါသည်။

     ဧပြီလနောက်ဆုံးပတ် စပါး/ဆန်ဈေးနှုန်းအနေဖြင့် ဆင်းသုခ /မနောသုခ စပါး ၄၆ ပေါင်တင်း ၁၀၀ လျှင် ၁၅၂၇၂၀၀ ကျပ်ထိလည်းကောင်း ၊ ဆင်းသုခ ၊ မနောသုခ ဆန်တစ်အိတ်လျှင် ကျပ် ၅၆၅၀၀မှ ၆၅၀၀၀ထိလည်းကောင်း ၊ ဈေးနှုန်းအသီးသီး မြင့်တက်ခဲ့ကြောင်း ကုန်ဝယ်ဒိုင်များမှ သိရှိရသည်။

     မတ်ပဲဈေးကွက်အနေဖြင့် ဧပြီလနောက်ဆုံးပတ်တွင် ၂၀ ပိဿာ တစ်တင်းလျှင် ၇၀၀၀၀ ကျပ်ခန့်ဖြစ်ပြီး မေလဆန်းပိုင်းမှစ၍ ၇၁၀၀၀ ထိဈေးနှုန်း မြင့်တက်ခဲ့ရာ လက်ရှိအချိန်တွင် မေလဆန်းဈေးနှုန်းအတိုင်း ဆက်လက်တည်ရှိနေ‌ကြောင်း သိရှိရသည်။

DOCA(ပဲခူး)