
တောင်ငူမြို့ ညောင်ပင်ဈေးတွင် ကြက်သား(အိမ်မွေးကြက်)တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ် ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။ မွေးမြူးရေးကြက် (စီပီကြက်)မှာ ယခင်အပတ်က အသားသီးသန့် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ရှိရာရာ ယခုမေလ (စတုတ္ထအပတ်)တွင် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး အခြမ်းလိုက်ဈေးမှာ ယခင်အပတ်က အတိုင်း တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
ဝက်သား(ရေလွတ်သား)မှာ သုံးထပ်သား တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ပေါင်သား တစ် ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ အသားသီးသန့် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ယခင်အပတ်က အတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။
ငါးကြင်းမှာ ယခင်အပတ်က အကောင်လိုက်ဈေးမှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ အသားသီးသန့် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်း မြင့်တက်ပါသည်။
ငါးကြင်းဖြူ အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ အမြီးလွတ်ခေါင်းလွတ်တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် အသေး ၁၅၀၀၀ ကျပ်၊ အလတ် ၁၈၀၀၀ ကျပ်နှင့် အကြီး ၂၀၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်း တည်ငြိမ်နေပါသည်။
ငါးခူမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၂၀၀၀၀ ကျပ်၊ အလတ် ၂၂၀၀၀ ကျပ် နှင့် အကြီး ၂၄၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၁၈၀၀၀ ကျပ်၊ အလတ် ၂၀၀၀၀ ကျပ်နှင့် အကြီး ၂၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။
ပုဇွန်ဆိတ်မှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ပုဇွန်အသေး တစ်ပိဿာလျှင် ၂၄၀၀၀ ကျပ်၊ ပုဇွန်အလတ် ၂၆၀၀၀ ကျပ်နှင့် ပုဇွန်အကြီး တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်ဖြင့် ယခင်အပတ်က အတိုင်း ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရပါသည်။
DOCA (ပဲခူး)