Main menu

တောင်ငူမြို့ရှိ ဒညင်းသီးဈေးကွက်အခြေအနေ

Powered by Drupal

တောင်ငူမြို့ ညောင်ပင်ဈေးတွင် မွန်ပြည်နယ်၊ မော်လမြိုင်ဒေသမှ ဒညင်းသီးများ ဝင်ရောက်လျက်ရှိပါသည်။

ဒညင်းသီးဈေးနှုန်းမှာ ရှယ်သီး အလုံး(၁၀၀)လျှင် ၉၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ၊ သာမန် အရွယ်အစား အကြီးမှာ အလုံး(၁၀၀)လျှင် ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ၊ အလတ်မှ (၁၀) လုံးလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိနှင့် အသေး အလုံး(၁၀၀)လျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိရှိပါသည်။ အခွံပါဒညင်းသီးမှာ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်ရှိပြီး အရွယ်အစားစုံပါဝင်ပါသည်။ တစ်ပိဿာလျှင် ၆၅ လုံးမှ ၇၀ လုံးအထိ ပါဝင်ပါသည်။

တောင်ငူမြို့အရှေ့ဘက် ကရင်ပြည်နယ် သံတောင်ဒေသထွက် ဒညင်းသီးများမှာ အနည်း ငယ်သာ အဝင်ရှိသေးကြောင်း သိရပါသည်။ ဒညင်းသီးများ လှိုင်လှိုင်ပေါ်လာပါက ဈေးနှုန်းကျဆင်းနိုင်ကြောင်း သိရပါသည်။

DOCA (ပဲခူး)