![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၂၃၄၅.jpg?itok=v19XzlEr)
ယခုရာသီတွင် ပြည်မြို့ Electronic ဈေးကွက်၌ လေအးပေးစက်အမျိုးမျိုး၊ ပန်ကာအမျိုးမျိုး အရောင်းအဝယ်သွက်နေခဲ့ကြောင်း လေ့လာသိရှိရပါသည်။
လူတန်းစားအလွှာအလိုက် ငွေကြေးသုံးစွဲနိုင်မှုအပေါ်မူတည်၍ ဝယ်ယူသုံးစွဲမှု ကွာခြားကြပါသည်။ လေအေးပေးစက်များထက် ပန်ကာမျိုးစုံ ပိုရောင်းဝယ်မှုဖြစ်ကြပါသည်။ ပန်ကာများထဲမှာ အားသွင်းပန်ကာများက ပိုအရောင်းအဝယ် ဖြစ်ကြပါသည်။
ပန်ကာအမျိုးအစား အလိုက် Stand Fan များကလည်း ထုတ်လုပ်သည့် နိုင်ငံအလိုက် ကျပ်သောင်းဂဏန်းမှ သိန်းဂဏန်း အထက် ဈေးကွားခြားမှုရှိကြပြီး AC/ DC/ USB, Power Bankနှင့် တွဲသုံးရသော ပန်ကာများတွင် Portable Fan 6" တစ်လုံး 13500 ကျပ်၊ 10" တစ်လုံး ၃၃၀၀၀ ကျပ်မှစ၍ သိန်းဂဏန်းအထိ အရွယ်အစားအလိုက် ဈေးနှုန်းကွာခြားကြသလို Rechargeable Power Bank Fan 7" တစ်လုံး 22000 ကျပ်၊ 6" တစ်လုံး 18500 ကျပ်၊ မှ 19500 ကျပ်အထိ Mini Fan 3.5" တစ်လုံး ၈၅၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်ဖြင့် ပစ္စည်းအမျိုးအစား Quality အပေါ် မူတည်၍ ဈေးနှုန်းများကွာခြားလျက်ရှိကြကာ အလွယ်တကူ သယ်ဆောင်သွားနိုင်သော အားသွင်းပန်ကာလေးများ ပိုအရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။
DOCA (ပဲခူး)