Main menu

ပြည်မြို့နယ်အတွင်းရှိ ဝါး/ဝါးကပ်ဈေးကွက်

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းသို့ ဝါး/ဝါးကပ်များ နေရာအနှံ့အပြားမှ ဝင်ရောက်လျက်ရှိရာ ရခိုင်ရိုးမလမ်းပေါ်ရှိ ညောင်ချိုးဒေသမှထွက်ရှိသောခရင်းဝါးမှာ အခေါင်းပွသောကြောင့် ထရံရက်လုပ်ရာတွင် အသုံးပြုပါသည်။ ခရင်းဝါးကို ရခိုင်ပြည်နယ်တွင် အများဆုံးတွေ့ရှိရပါသည်။ ရခိုင်လူမျိုးအများစုအနေဖြင့် ခရင်းဝါးကိုအလုံးလိုက်သော်လည်းကောင်း၊ ငြမ်းဆင်ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။ ပြည်ခရိုင်အတွင်းရှိဝါး၊ဝါးကပ်ဆိုင်များအနေဖြင့်ခရင်ဝါးကို ထရံရက်လုပ်ရာတွင် အသုံးပြုပါသည်။ ခရင်းဝါးသည် အအေးပိုင်းဒေသတွင်သာ ပေါက်ရောက်ပြီးမျိုးစေ့မှာ မက်မန်းသီးအရွယ်ခန့်ရှိပြီး စ၍အပင်ပေါက်ခါစကပင် အပင်ကြီးထားသောကြောင့် (၂)နှစ်အကြာတွင် ဝါးပင်ကိုအသုံးပြု၍ ရပါသည်။ ခရင်းဝါးတစ်ပင်လျှင်နှစ်(၅၀)ခန့် သက်တမ်းရှိကြောင်းလည်းသိရှိရပါသည်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းမှထွက်ရှိသောတင်းဝါး၊ သနက်ဝါးတို့နှင့်အရည်အသွေးတူညီမှုရှိိသော်လည်း ခရင်းဝါးမှာဝါးကြောမာသောကြောင့် ထရံရက်လုပ်ရာတွင် အများဆုံး အသုံးပြုကြောင်းသိရှိရပါသည်။ ပြည်ခရိုင်အတွင်းမှ ထွက်ရှိသောမျှင်ဝါးကိုမူ ဝါးကပါအနေဖြင့် အသုံးမပြုကြောင်းသိရှိရပါသည်။ ဝါး၊ ဝါးကပ်များကို (၁၂)ဘီးကားဖြင့် တစ်ခေါက်သယ်ယူလျှင် ဝါးအလုံးရေ (၂၀၀၀)ခန့်နှင့် ဝါးကပ် အချပ်ရေ (၉၀၀)ခန့် သယ်ယူနိုင်ကြောင်းလည်း သိရှိရပါသည်။ ညောင်ချိုးဒေသမှထွက်ရှိသော ခရင်းဝါးတစ်လုံးလျှင် (၂၅၀) ကျပ်ခန့်ရှိပြီး ဝါးကပ်တစ်ချပ်လျှင် (၇၅၀-၈၀၀)ကျပ်ခန့် ရောင်းချကြောင်း သိရှိရပါသည်။ မျှင်ဝါး(အိမ်သုံးဝါး) ဈေးနှုန်းအနေဖြင့် တစ်လုံးလျှင် (၄၀၀)ကျပ်ခန့် နှင့် မျောတစ်လုံးလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)