Main menu

ပြည်ခရိုင်အတွင်း သက်သာသောနှုန်းထားဖြင့် စားအုန်းဆီရောင်းချနေမှုအခြေအနေ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာနမှ ပြည်ခရိုင်ဦးစီးမှူးရုံးနှင်ပြည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်း အပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂% အမြတ်ထက် မပိုသောဈေးနှုန်းဖြင့် အများပြည်သူများအား ရပ်ကွက်/ကျေးရွာများတွင် ဈေးကားဖြင့်နေ့စဉ်လှည့်လည်ရောင်းချ ပေးလျက်ရှိပါသည်။

        ပြည်ခရိုင်အတွင်းမှ ပြည်၊ ရွှေတောင်၊ ပေါက်ခေါင်းနှင့်ပန်းတောင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများသို့လည်း အလှည့်ကျရောင်းချပေးလျက်ရှိပါသည်။ ယခုမေလလယ်အတွင်း ပြည်ခရိုင်အတွင်းရှိ မြို့နယ်များမှ ရပ်ကွက်/ ကျေးရွာသို့ တစ်အိမ်ထောင်လျှင် (၁)ပိဿာနှုန်းဖြင့် ပိဿာပေါင်း (၂၃၀၀၀)ကျော်ကို (၁)ပိဿာလျှင် (၄၉၀၀)ကျပ်ဖြင့် ရောင်းချခဲ့ကြောင်းသိရှိရပါသည်။ ပြည်ဈေးကွက်အတွင်းရှိ ဆိုင်များတွင် စားအုန်းဆီတစ်ပိဿာလျှင် လက်လီ (၆၅၀၀) ကျပ်ဖြင့် လည်းကောင်း၊ လက်ကား ၆၂၅၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)