Main menu

ရုံးပတီသီးပင် စိုက်ကြပါစို့

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် ရုံးပတီသီးပင်များ စိုက်ပျိုးအောင်မြင်လျက်ရှိပါသည်။ မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပြီး ရေမဝပ်နိုင်သောမြေမျိုးတွင် ပို၍အောင်မြင်ဖြစ်ထွန်းပါသည်။ စိုက်ပျိုးရေအလုံအလောက်ရရှိပါက တစ်သုတ်ပြီးတစ်သုတ် စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ပါသည်။ မျိုးစေ့အနေဖြင့် ဒေသမျိုးများနှင့် ထိုင်ဝမ်မျိုးများကိုစိုက်ပျိုးကြပါသည်။ တိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးပြီး အကျယ် (၃-၄)ပေအမြင့် ၆လက်မဘောင်များတွင် (၆)လက်မစီ ခွာပြီး သုံးပွင့်ဆိုင် ကျင်းများတူးပြီး တစ်ကျင်းလျှင် မျိုးစေ့(၃-၄) စေ့ခန့်ထည့်၍စိုက်ပျိူးနိုင်ပါသည်။

တစ်ဘောင်နှင့်တစ်ဘောင် (၁)ပေခန့်အကျယ် ထားပေးရပါသည်။ အသန်မာဆုံးတစ်ပင်အား ချန်၍ အကျန်ပင်များအား နှုတ်ပေးပါက ပိုမိုအောင်မြင်ဖြစ်ထွန်းစေပါသည်။ အပင်ပေါက်ပြီး (၁၅)ရက်သား တစ်ကြိမ် (၂၅)ရက်သား တစ်ကြိမ်ပေါင်းလိုက်ပေးရပါသည်။ မြေသြဇာကို နွားချေးမြေဆွေးနှင့် ပုလဲမြေသြဇာတို့ကို ကျွေးပေးရန် လိုအပ်ပါသည်။ ပန်းပွင့်ချိန်နှင့်အသီးသီးချိန်တို့တွင် ရေဝရန်လိုအပ်ကာ ပန်းပွင့်ပြီးတစ်ပတ်အကြာတွင် အသီးများစတင်ခူးဆွတ်နိုင်ပါသည်။ပုံမှန်အားဖြင့် (၂)ရက်လျှင် တစ်ကြိမ်ခူးဆွတ်ရပြီး ပူပြင်းသောရာသီတွင် အသီးများအရင့်မြန်သဖြင့် နေ့တိုင်းခူးဆွတ်ပေးရပါသည်။ ထို့ကြောင့် ရုံးပတီသီးပင်သည် စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသော သီးနှံပင်ဖြစ်၍ စီးပွားအရ စိုက်ပျိုးသင့်သော သီးနှံပင် ဖြစ်ပါသည်။

DOCA(ပဲခူး)