Main menu

စားအုန်းဆီရောင်းချနေမှုများ စိစစ်ကြပ်မတ်

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ် သောစားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ စားသုံးသူ ရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၁-၅-၂၀၂၃) ရက်နေ့တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် Zabu Kan Tun Trading Co.,Ltd က စားအုန်းဆီများရောင်းချပေးနေမှုအခြေအနေများကို သွားရောက် ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

  အဆိုပါရောင်းချရာတွင် Zabu Kan Tun Trading Co.,Ltd က ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်းချပေးသောစားအုန်းဆီများ၏ ရည်ညွှန်း လက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂% အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည် ဖြန့်ဖြူးရောင်းချပေးခဲ့ရာ လူတစ်ဦးလျှင် စားအုန်းဆီ ၁ပိဿာ (၄၇၀၀) ကျပ်ဖြင့် အမှတ်(၂၉)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နေ စားသုံးသူပြည်သူများအား ရက်သတ္တပတ်တိုင်းရောင်းချပေးလျက်ရှိပြီး ရပ်ကွက်နေပြည်သူများအနေဖြင့် စားအုန်းဆီဈေးနှုန်းမှန်ကန်မှုရှိခြင်း၊ ဈေးနှုန်းသက်သာမှုရှိခြင်း၊      အလေးချိန်မှန်ကန်မှုရှိခြင်းတို့ကြောင့် စိတ်ချမ်းမြေ့စွာဖြင့် ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)