Main menu

ပျော်ဘွယ်မြို့၏ မုန့်ကြွပ်လုပ်ငန်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပျော်ဘွယ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းနှစ်ဦးသည် (၁၈-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီချိန်တွင် ပျော်ဘွယ်မြို့နယ်၊ မုန့်ကြွပ်လုပ်ငန်းလုပ်ကိုင်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

    ပျော်ဘွယ်မြို့ရှိ ဆင်နှစ်ကောင်မုန့်ကြွပ်လုပ်ငန်း၊ ရွှေငါးမုန့်ကြွပ်လုပ်ငန်း၊ ပဒေသာမုန့်ကြွပ်လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံရာတွင် မုန့်ကြွပ်လုပ်ငန်းကို နှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

       မုန့်ကြွပ်ကို အဆင့် (၁) ဂျုံ၊ သကြား၊ ထောပတ်တို့ကို ရောနယ်ခြင်း၊ အဆင့် (၂) အပွခံပုံစံသွင်းခြင်း၊ အဆင့် (၃) မီးဖုတ်ခြင်း (အစိုတစ်ကြိမ်၊ အခြောက်တစ်ကြိမ်)၊ အဆင့် (၄) အအေးခံခြင်း ၊ အဆင့် (၅) ပါကင်ထုပ်ပိုးခြင်းဟူ၍ အဆင့်ဆင့်ဆောင်ရွက်ရပါသည်။ လုပ်သားဦးရေ ကျား (၈) ယောက်၊ မ (၄) ယောက်ရှိပြီး လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ကုန်ကြမ်းရရှိမှုအနေဖြင့် ထောပတ်ကို ဒေသတွင်းမှရရှိပြီး ဂျုံ၊ နို့မှုန့်၊ မုန့်ပွဆေး၊ သကြားနှင့် ဆီများကို ရန်ကုန်မှ ဝယ်ယူကြပါသည်။

     (၁) ရက်လျှင် ဂျုံပိဿာ (၁၅၀) မှ (၂၀၀) ပိဿာကုန်ကြမ်းကုန်ကျပြီး ကုန်ချောထွက်ရှိမှု အထုပ်သေး (၁၅၀၀) ထုပ်ခန့်၊ အထုပ်လတ် (၁၂၀၀) ထုပ်ခန့်၊ အထုပ်ကြီး (၈၀၀) ထုပ်ခန့်ထုတ်လုပ်နိုင်ကြောင်း သိရှိရပါသည်။

      စျေးနှုန်းအနေဖြင့် အခု (၂၀) ပါ အထုပ်သေးတစ်ထုပ်လျှင် (၁၃၀၀) ကျပ်၊ အခု (၂၀) ပါ အလတ်တစ်ထုပ်လျှင် (၂၀၀၀) ကျပ်နှင့် အခု (၂၀) ပါ အကြီးတစ်ထုပ်လျှင် (၃၀၀၀) ကျပ်စျေးတို့ဖြင့် ရောင်းချရကြောင်း သိရှိရပါသည်။ စျေးကွက်အနေဖြင့် တစ်နိုင်ငံလုံးသို့တင်ပို့ကြောင်း သိရှိရပါသည်။ နိုင်ငံတကာစျေးကွက်ရရှိရန်လိုအပ်ကြောင်း၊ လျှပ်စစ်မီးအခက်အခဲနှင့် စက်သုံးဆီဝယ်ယူရန် အခက်အခဲများရှိကြောင်းနှင့် စက်လည်ပတ်ရန် ဆိုလာစနစ်ဆောင်ရွက်ပေးနိုင်လျှင် ပိုမိုအဆင်ပြေနိုင်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။

DOCA(မန္တလေး)