Main menu

မိတ္ထီလာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

    ၂၀၂၃ ခုနှစ် ၊ မေလ စတုတ္ထပတ်ပတ်အတွင်းမိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော စိုက်ပျိုးရေးထွက်ကုန် ရွှေဘိုပေါ်ဆန်းအသစ် တစ်ပြည် ၄၀၀၀ ကျပ်နှင့်အဟောင်း တစ်ပြည်လျှင် ၅၀၀၀ ကျပ်၊ ဧမထ တစ်ပြည် ၃၂၀၀ နှင့် ငစိန် တစ်ပြည် ၂၈၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် ၆၄၀၀ကျပ်၊ မြေပဲဆီ တစ်ပိသာလျှင် ၁၄၀၀၀ ကျပ် ၊ နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာ ၂၂၀၀ ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၄၅၀၀ ကျပ်၊ ချင်းတက် တစ်ပိဿာလျှင် ၄၈၀၀ကျပ် ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၆၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ထိ ၊ အာလူး တစ်ပိဿာလျှင် ၂၂၀၀ ကျပ် ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၀၀၀ ကျပ်နှင့် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မုန်ညှင်းရွက်၊ ဆလပ်ရွက် တစ်စည်းလျှင် ၂၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

       မွေးမြူရေးထွက်ကုန်များဖြစ်သော ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံး ၂၅၀ ကျပ်၊ အသေးတစ်လုံး ၂၀၀၊ ဘဲဥကြီး တစ်လုံး ၃၅၀ ကျပ်၊အသေးတစ်လုံး ၃၀၀ ကျပ်ရှိသည်။ မိတ္ထီလာမြို့၏ သား/ငါးဈေးနှုန်းနှင့် ငါးခြောက်ဈေးနှုန်းများမှာ ကြက်သား (ဒေသကြက်)တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ကြက်သား (CP)တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်  ၊ အမဲသား တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ထိ ၊ ငါးကြင်း တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ငါးမြင်း တစ်ပိသာ ၁၆၀၀၀၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ငါးတန် တစ်ပိဿာလျှင် ၈၀၀၀ ကျပ် ၊ ငါးခူ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ငါးရံ့ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ ငါးခြောက် လက်လီဈေးနှုန်းမှာ အာပြဲခြောက် တစ်ပိဿာ ၂၃၀၀၀ ကျပ် ငါးရံ့ခြောက် တစ်ပိဿာ ၅၀၀၀၀ ကျပ်၊ ငါးတံခွန်ခြောက် တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ငါးနီတူခြောက် တစ်ပိဿာ ၁၂၀၀၀ကျပ်၊ ငါးရောင်ခြောက် တစ်ပိဿာ ၃၅၀၀၀ ကျပ်၊ ပုစွန်ခြောက် တစ်ပိဿာ ၄၆၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)