Main menu

မိတ္ထီလာစျေးကွက်မှ ယခုတစ်ပတ်နယ်စပ်သို့ကြက်သွန်နီ တင်ပို့မှုနည်း

Powered by Drupal

    ၂၀၂၃ ခုနှစ် မေလ နောက်ဆုံးပတ်အတွင်း မိတ္ထီလာစျေးကွက်မှ နယ်စပ်ဒေသများသို့ ကြက်သွန်နီတင်ပို့မှု မရှိသလောက်နည်းကြောင်း သိရသည်။ ဒေသတွင်း စျေးကွက်တွင် လက်ရှိတက်စျေး တစ်ပိဿာ ၂၀၀၀ ကျပ်ဖြင့် စျေးငြိမ်နေပြီး ရန်ကုန်နှင့်ပဲခူးသို့သာ တင်ပို့ကြပါသည်။ ရန်ကုန်တင်ပို့ရာတွင်လည်း အခြားကုန်များနှင့် ရောနှောတင်ပို့ရာ တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ (၄၀၀၀၀) နီးပါးခန့် တင်ပို့ခဲ့ပါသည်။ စျေးနှုန်းမြင့်တက်လာသော်လည်း ပဲခူးသို့ ပုံမှန်တင်ပို့နေရာ (၆) ဘီးကားဖြင့် ကားစီးလုံးကုန်ချိန်ပိဿာ (၆၀၀၀) ဆံ့ကား တစ်ရက်တစ်စီးတင်ပို့နိုင်ခဲ့ပါသည်။ ကုန်တင်ခမှာ စက်သုံးဆီစျေးများ ကျစျေးရှိသဖြင့် တစ်ပိဿာလျှင် ရန်ကုန်သို့ (၁၁၀) ကျပ် ၊ ပဲခူးသို့ (၁၀၀) ကျပ် တို့ဖြင့် စျေးငြိမ်နေပြီး ကြက်သွန်နီ လက္ကားစျေးမှာလည်း ယခင်တစ်ပတ်နှင့်ကွာဟမှုမရှိဘဲ တစ်ပိဿာ ၂၀၀၀ ကျပ် ရှိကာလာမည့်ကြက်သွန်နီမပေါ်မီ အောက်တိုဘာ (သီတင်းကျွတ်) အထိ စျေးမြင့်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)