Main menu

မိတ္ထီလာမြို့ ပေါ်ရှိ ဖုန်းနှင့်ဆက်စပ်ပစ္စည်းအ‌ရောင်းဆိုင်နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များနှင့် တွေ့ဆုံခြင်း

Powered by Drupal

   (၂၃-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးရုံးခန်းအတွင်း၌ ဖုန်းနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုးရောင်းချသည့်အရောင်းဆိုင်ရှင်များနှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရပါသည်။

 တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) အရ ဖုန်းနှင့်ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုးပေါ်တွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်သားသတ်မှတ်ချက်များ၊ အာမခံချက်ပေးခြင်းများနှင့်စပ်လျဉ်း၍ ကိုက်ညီမှုရှိရန်လိုအပ်ကြောင်း၊ ဌာနအနေဖြင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိ ရာ ကုန်ပစ္စည်းအလိုက် လိုအပ်သည့်မြန်မာအညွှန်းများမပါရှိပါက ဥပဒေနှင့်အညီအ‌ရေးယူဆောင်ရွက်သွားမည်ဖြစ်၍ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ Handset များရောင်းချရာတွင် Operation Manual Book များကို မြန်မာဘာသာပြန်ထားရန်လိုအပ်ကြောင်း၊ ယခုနောက်ပိုင်း ဖုန်းတော်တော်များများမှာ ဘာသာပြန်ထားသည်ကိုတွေ့ရှိရကြောင်း စသည်ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မိတ္ထီလာမြို့ပေါ်မှ ဖုန်းနှင့်ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်လုပ်ငန်းရှင် (၁၅) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မန္တလေး)