စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအုပင်ခရိုင်ဦးစီးမှူးရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတို့ပူးပေါင်းဆောင်ရွက်မှုဖြင့် (၁၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ Online Shoping ဝယ်ယူအသုံးပြုရာတွင် စားသုံးသူပြည်သူများနစ်နာမှုမရှိစေရန် အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာထွေးက Online Shoping ရောင်းချမှုနှင့်ပတ်သက်၍ မေးမြန်းရာ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူများ Online Shoping ဝယ်ယူရာတွင် စားသုံးသူများရင်ဆိုင်တွေ့ကြုံနေရသည့် အချက်အလက်များနှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို စားသုံးသူပြည်သူများအသေးစိတ်သိရှိနိုင်ရန် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)