Main menu

မေလ (စတုတ္ထပတ်) တွင် ဖြစ်ပေါ်နေသောစားသုံးဆီဈေးနှုန်းများ

Powered by Drupal

  စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် တင်ပြလျက်ရှိပါသည်။

  ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကားရောင်းချသောဆိုင်(၁၂)ဆိုင်ရှိပြီး ၂၀၂၃ခုနှစ်၊ မေလ (တတိယပတ်) တွင် စားအုန်းဆီတစ်ပိဿာလျှင် (၆၁၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်နှင့် နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု မေလ (စတုတ္ထပတ်) တွင် စားအုန်းဆီတစ်ပိဿာလျှင် (၆၄၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်နှင့် နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်ပါက ပဲဆီသန့်နှင့် နှမ်းဆီသန့်တစ်ပိဿာဈေးနှုန်းမှာ ယခင်အပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး စားအုန်းဆီတစ်ပိဿာလျှင် (၃၀၀)ကျပ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီ လက်ကားဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)