Main menu

ရွှေဘိုခရိုင်အတွင်း စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

   ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ မေလ (‌စတုတ္ထပတ်) တွင် စပါး/ဆန်ဈေးနှုန်းများမှာ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မေလ (တတိယပတ်)တွင်  ရန်ကုန်သို့ အိတ်ရေ ၂၅၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၃၃၉၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၅၀၀အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၅၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၈၃၅၀၀အိတ်၊ တန်အားဖြင့် ၄၁၇၅တန်စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၂၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၃၃၉၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၈၀၀၀အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၀၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၈၂၅၀၀အိတ်၊ တန်အားဖြင့် ၄၁၂၅တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၁၀၀၀အိတ်၊ တန်အားဖြင့် ၅၀တန်လျော့၍ စီးထွက်ခဲ့ပါသည်။

   ရွှေဘိုမြို့၏ မေလ (စတုတ္ထပတ်) တွင် ဖြစ်ပေါ်နေသောစပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါးတင်း၁၀၀လျှင် ကျပ်၂၈၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀၀၀၀၊ ဧရာမင်းစပါးတင်း၁၀၀လျှင် ကျပ်၁၉၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)