Main menu

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းများ၏ဈေးနှုန်းဈေးကွက်

Powered by Drupal

      မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုစွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှဝင်ရောက်ကြောင်း သိရပါသည်။ ပုစွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့်ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင် ရောင်းချနေသောဈေးနှုန်းများမှာ ပုစွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၆၀၀၀၀ - ၉၀၀၀၀)၊ ငါးရံ့ခြောက်(၁)ပိဿာလျှင် ကျပ်(၅၅၀၀၀ - ၈၀၀၀၀ )၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀ - ၁၇၀၀၀ )၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀ - ၁၆၀၀၀)၊ အာဗြဲခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀ - ၂၂၀၀၀ )၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀ - ၄၀၀၀၀)၊ ငါးနီတူခြောက်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀ - ၁၃၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်)(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀ - ၁၆၅၀၀)ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)