Main menu

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများအခြေအနေ

Powered by Drupal

   မုံရွာမြို့၊ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

   ၂၀၂၃ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀ - ၈၀၀၀)၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀ - ၈၀၀၀)၊ လိမ္မော်(ရိုးရိုး)(၁)ပိဿာလျှင် ကျပ်(၅၀၀၀ - ၆၀၀၀) ၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၅၀၀ - ၈၀၀၀)၊  ပန်းသစ်တော်(၁)လုံးလျှင် ကျပ်(၁၀၀၀ - ၁၅၀၀)၊ ပန်းသီး(၁)လုံးလျှင် ကျပ်(၇၀၀ - ၁၅၀၀)၊ ထောပတ်သီး(၁)လုံးလျှင် ကျပ်(၅၀၀ - ၁၅၀၀)၊ ကျွဲကောသီး(၁)လုံးလျှင် ကျပ်(၁၀၀၀ - ၁၅၀၀)၊ တယ်သီး(၁)လုံးလျှင် ကျပ်(၈၀၀ - ၁၀၀၀)၊ သခွားမွှေး(၁)လုံးလျှင် ကျပ်(၂၀၀၀ - ၃၅၀၀)၊ ဖရဲသီး(ကြီး)(၁)လုံးလျှင် ကျပ်(၂၀၀၀ - ၃၅၀၀)၊ ဖရဲသီး(သေး)(၁)လုံးလျှင် ကျပ်(၁၀၀၀ - ၂၀၀၀)၊ နာနတ်သီး(၁)လုံးလျှင် ကျပ်(၁၀၀၀ - ၁၅၀၀)၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀ - ၇၀၀၀)၊ နဂါးမောက်သီး(၁)လုံးလျှင် ကျပ်(၇၀၀ - ၁၅၀၀)၊ ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် (၁၀၀၀)ကျပ်၊ ငှက်ပျောသီးမွှေးတစ်ဖီးလျှင် ကျပ်(၁၀၀၀ - ၁၅၀၀)၊ စပျစ်သီး(၁)ပိဿာလျှင် ကျပ်(၈၀၀၀ - ၁၂၀၀၀)ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)