Main menu

ရွှေဘိုမြို့၊ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

   ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ၂၀၂၃ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်ခဲ့သောသစ်သီးဝလံဈေးနှုန်းများမှာ ပုပ္ပားမြို့နှင့် မတ္တရာမြို့မှထွက်ရှိသည့် မာလကာသီးတစ်လုံးလျှင် (၂၀၀)ကျပ်မှ (၃၀၀)ကျပ်ထိ၊ ဒေသတွင်းနှင့် ပြင်ဦးလွင်မြို့မှ စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်ထိ၊ ပန်းသီးတစ်လုံးလျှင် (၇၀၀)ကျပ်မှ (၂၀၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ စိန်တစ်လုံးသရက်သီးတစ်လုံးလျှင် (၂၀၀)ကျပ်မှ (၇၀၀)ကျပ်ထိ၊ ကြက်မောက်သီးတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊  ရမည်းသင်းမြို့မှထွက်ရှိသည့် စပျစ်သီးအဝိုင်းသီးတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ အချွန်းသီးတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှထွက်ရှိသည့် ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် (၁၂၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ ဝက်လက်မြို့၊ ရွှေကျင်ရွာမှထွက်ရှိသည့် ဖရဲသီးတစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၃၀၀၀)ကျပ်ထိ၊ ခင်ဦးမြို့နယ်မှထွက်ရှိသော  ပိန္နဲသီးတစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၃၅၀၀ကျပ်ထိ၊ လိုင်ချီးသီးတစ်တွဲလျှင် (၁၃၀၀)ကျပ်၊ ဒေသတွင်းမှထွက်ရှိသည့် သင်္ဘောသီးတစ်လုံးလျှင် (၈၀၀)ကျပ်မှ (၁၂၀၀)ကျပ်ထိ၊ ဗန်းမော်မြို့မှမှာယူရောင်းချသည့် သစ်ကြားသီးတစ်လုံးလျှင် (၁၀၀)ကျပ် စသည်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချနေသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)