Main menu

မြို့မစည်ပင်သာယာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

    ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ မေလ၊ စတုတ္ထအပတ်တွင် ဖြစ်ပေါ်လျက်ရှိသောသစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(အကြွပ်)ပိုက်စွပ်တစ်လုံးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်၊ စပျစ်သီး(အလုံးကြီး)(၁)ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ စပျစ်သီး(အလုံးသေး)(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၃၀၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး(၁)ဖီးလျှင် (၈၀၀ မှ ၁၀၀၀)ကျပ်၊ မြစ်ကြီးနားမှထွက်ရှိသော ခွန်စိမ်းငှက်ပျောသီး(၁)ဖီးလျှင် (၁၀၀၀ မှ ၁၂၀၀)ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၂၀၀၀)ကျပ်၊ ဖရဲသီး(၁)လုံးလျှင် (၂၅၀၀ မှ ၃၀၀၀)ကျပ်၊ စိန်တစ်လုံးသရက်သီး(၁)လုံးလျှင် (၂၀၀ မှ ၅၀၀)ကျပ်၊ လိုက်ချီးသီး(၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ နာနတ်သီး(၁)လုံးလျှင် (၈၀၀ မှ ၁၀၀၀)ကျပ်နှင့် မာလကာသီး(၁)လုံးလျှင် (၃၀၀ မှ ၅၀၀)ကျပ်တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချသောသစ်သီးဆိုင်များမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)