Main menu

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

   ၂၀၂၃ခုနှစ်၊ မေလ(စတုတ္ထပတ်)အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် ၃၈၀၀ကျပ်နှင့် ဧရာမင်းဆန်(သစ်)တစ်ပြည်လျှင် ၃၅၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ(သစ်)လက်လီဈေးမှာ(ကြီး) တစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ (လတ်)တစ်ပိဿာလျှင် ၂၀၀၀ကျပ်နှင့် (သေး)တစ်ပိဿာလျှင် ၁၅၀၀ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ရှမ်းကြက်သွန်ဖြူတစ်ပိဿာလျှင် ၅၅၀၀ကျပ်မှ ၆၅၀၀ကျပ်ထိ၊ (ကြူကုပ်)တစ်ပိဿာလျှင် ၅၅၀၀ကျပ်မှ ၆၅၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက် ၁၆၀၀၀ကျပ်မှ ၁၆၅၀၀ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၄၀၀ကျပ်ထိနှင့် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၄၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

  ကြက်ဥလက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၃၀၀ကျပ်၊ (သေး)တစ်လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ(ကြီး)တစ်လုံးလျှင် (၃၀၀)ကျပ်နှင့် (သေး)တစ်လုံးလျှင် (၂၅၀)ကျပ်တို့ရှိပါသည်။ ရွှေဘိုမြို့၏အသားငါးဈေးနှုန်းများမှာ ကြက်သား (CP)  တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်ထိ၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သားတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်းတစ်ပိဿာလျှင် ၇၅၀၀ကျပ်နှင့် ငါးကြင်းတစ်ပိဿာလျှင် ၇၀၀၀ကျပ်တို့ဖြင့် ရောင်းဝယ်နေကြကြောင်း သိရှိရပါသည်။

    စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊  စားအုန်းဆီတစ်ပိဿာလျှင် ၆၄၀၀ကျပ်နှင့် နှမ်းဆီတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြကြောင်း သတင်းရရှိပါသည်။

          DOCA(စစ်ကိုင်း)