စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ လင်းရောင်ဝင်းသရက်ခြံမှ စိန်တစ်လုံးသရက်သီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုအချိန်တွင် စတင်ခူးဆွတ်ရောင်းချကာ ဈေးကောင်းရလျက်ရှိပါသည်။
ကန့်ဘလူ/ကျွန်းလှဒေသထွက် စိန်တစ်လုံးသရက်သီးသည် GAPလက်မှတ်ရရှိကာ မျက်နှာပန်းလှသော သရက်သီးအမျိုးအစားဖြစ်ပြီး ယခင်နှစ်များတွင် ပြည်ပသို့ တင်ပို့ရောင်းချလျက် ရှိပြီး ၂၀၂၃ ခုနှစ်တွင်မူ မန္တလေးမြို့ ၊ မူဆယ်မြို့တို့တွင်သာ တင်ပို့ရောင်းချလျက်ရှိပါသည်။
စိန်တစ်လုံးသရက်ပင်သည် (၁၃)နှစ်သက်တမ်းရှိပြီး တစ်နှစ်လျှင် အိတ်စွပ်အလုံးရေ(၂၅၀၀၀၀)ခန့် ထွက်ရှိကာ အစိမ်းအလုံးရေ(၈၀၀၀၀)ခန့်ရှိပါသည်။ အိတ်စွတ်ရန်နှင့်အလုပ်သမားအတွက် ကုန်ကျစရိတ်မှာ သရက်သီးတစ်လုံးလျှင်(၁၀၀)ကျပ်ခန့်ရှိပါသည်။ အိတ်စွပ်စိန်တစ်လုံးသရက်သီးသည် အလုံးအကြီး တစ်လုံးလျှင်(၁၂၀၀)ကျပ် အထိရောင်းရပြီး အလုံးအကြီး/အသေးပေါ်မူတည်၍(၈၀၀/၇၀၀/၅၀၀) အစားစားခွဲပြီး မန္တလေးနှင့် မူဆယ်မြို့များသို့ တင်ပို့ရောင်းချရပြီး အိတ်စွတ်မဟုတ်တဲ့ အစိမ်းသီးများ ကို မန္တလေးဈေးကွက်သို့ တင်ပို့ကာ တန်ဈေးနဲ့ရောင်းချရပြီး တစ်တန်လျှင်(၅၂၀၀၀)ဈေးရှိကြောင်း သိရပါသည်။ အိတ်စွပ် စိန်တစ်လုံးသရက်သီးအလုံးကြီး တစ်လုံးဆိုလျှင် ၃၅၀Kg ရှိပြီး (၃)လုံးလျှင် (1Kg)ရှိကြောင်းနှင့် တစ်တန်လျှင် အလုံးအရေအတွက်(၃၀၀၀)ခန့်ရှိပြီး ၂၅၀Kg ဆိုလျှင် အလုံးအရေ အတွက်(၄၀၀၀)ခန့် ရှိပါသည်။ စိန်တစ်လုံး သရက်သီးမှည့်သည် အသားနူးညံ့၊ အနှစ်ထူပြီး အမျှင်ကင်းကာ အနံ့အရသာ ချိုမွှေးနေသည့်အတွက် လူကြိုက်များကာ အရောင်းအဝယ် ဖြစ်နေသည်ဟု “လင်းရောင်ဝင်း” သရက်ခြံ မန်နေဂျာထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)