Main menu

၂၀၂၃ခုနှစ်၊ ဧပြီလအတွင်း မကွေးမြို့သို့ အခြားတိုင်း/ပြည်နယ်များမှ ဆန်ဝင်ရောက်မှုနှင့် ဒေသတွင်း ဆန်စျေးနှုန်းအခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ဆီအိုးကြီးဟု တင်စားရလောက်အောင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့် မြေပဲတို့အား အဓိကထားစိုက်ပျိုးကြသော်လည်း စပါးကို မကွေးမြို့နယ်အနေဖြင့် (၂၃၂၅) ဧကသာစိုက်ပျိုးသဖြင့် စားနပ်ရိက္ခာဆန်ဖူလုံမှုမရှိ၍ စပါးအဓိက စိုက်ပျိုးထွက်ရှိရာ  အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရပါသည်။ နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံစီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟူသော လမ်းညွှန်မှာကြားချက်နှင့်အညီ မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် နွေစပါးစီမံကိန်းဧက (၂၅၀၀၀) အား စီမံဆောင်ရွက်လျက်ရှိပါသည်။

     ၂၀၂၃ခုနှစ်၊ ဧပြီလအတွင်း စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းမှ ဆန်(၁၉၂၀၇) အိတ်၊ မန္တလေးတိုင်းမှ (၁၈၆၀) အိတ်၊ ရန်ကုန်တိုင်းမှ (၁၀၆၀) အိတ်၊ စစ်ကိုင်းတိုင်းမှ (၁၆၅၆) အိတ်၊ ပဲခူးတိုင်းမှ (၇၉၀) အိတ်၊ စုစုပေါင်း (၂၄၅၇၃) အိတ်၊ (၁၂၂.၈၆) တန်စီးတင်ခဲ့ကြောင်းနှင့် ဒေသတွင်း အရောင်းအဝယ်ဖြစ်နေသောဆန်စျေးနှုန်းများမှာ ဧရာပဒေသာ(ပွင့်ဖြူ)(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်  (၇၅၀၀၀-၈၀၀၀၀)၊ ဧရာပဒေသာ(မြောင်းမြ)(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ် (၆၈၀၀၀-၇၂၀၀၀)၊ ပေါ်ဆန်းမွှေး(ရွှေဘို)(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ် (၉၄၀၀၀-၁၀၅၀၀၀)၊ ပေါ်ဆန်းမွှေး(မြောင်းမြ)(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ် (၈၀၀၀၀-၉၀၀၀၀)၊ မနောသုခ(မြောင်းမြ)(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ် (၆၂၀၀၀-၆၇၀၀၀) နှင့် ဖန်သီး(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ် (၆၆၀၀၀-၆၉၀၀၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)