Main menu

မင်းဘူးမြို့၏ မြို့မဈေးအတွင်းရှိ စားဖိုဆောင်သုံးကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

 ၂၀၂၃ခုနှစ်၊ မေလ(စတုတ္ထပတ်)အတွင်း မင်းဘူးမြို့မဈေး၌ ဆန်ဈေးအနည်းငယ်မြင့်တက်လာပြီး ကြက်သွန်နီဈေးများ အနည်းငယ်ကျဆင်းလာကြောင်း ဈေးဆိုင်များအား ကွင်းဆင်းမေးမြန်းမှုအရ သိရှိရပါသည်။

  မေလ(တတိယပတ်)တွင် ဧရာပဒေသာဆန်(၁)ပြည်လျှင် (၃၉၀၀-၄၀၀၀)ကျပ်၊ မနောသုခဆန်(၁)ပြည်လျှင် (၂၇၀၀-၂၈၀၀)ကျပ်၊ ကြက်သွန်နီ(၁)ပိဿာလျှင် (၂၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်)၁ပိဿာလျှင် (၇၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ဗမာ)၁ပိဿာလျှင် (၆၀၀၀)ကျပ်၊ ငရုတ်ခြောက်ရှည်၁ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ မန်ကျည်းသီမှည့်၁ပိဿာလျှင် (၂၅၀၀)ကျပ်၊ ဆားကြမ်း၁ပိဿာလျှင် (၅၀၀)ကျပ်၊ ဆားချော၁ပိဿာလျှင် (၁၀၀၀)ကျပ်၊ ကြက်ဥ(၁)လုံးလျှင် (၂၅၀)ကျပ်ဖြစ်ပြီး မေလ(စတုတ္တပတ်)တွင် ဧရာပဒေသာဆန်(၁)ပြည်လျှင် (၄၀၀၀-၄၂၀၀)ကျပ်၊ မနောသုခဆန်(၁)ပြည်လျှင် (၃၂၀၀-၃၃၀၀)ကျပ်၊ ကြက်သွန်နီ(၁)ပိဿာလျှင် (၂၃၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်)၁ပိဿာလျှင် (၇၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ဗမာ)၁ပိဿာလျှင် (၆၀၀၀)ကျပ်၊ ငရုတ်ခြောက်ရှည်၁ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ မန်ကျည်းသီမှည့်၁ပိဿာလျှင် (၂၅၀၀-၂၈၀၀)ကျပ်၊ ဆားကြမ်း၁ပိဿာလျှင် (၅၀၀)ကျပ်၊ ဆားချော၁ပိဿာလျှင် (၁၀၀၀)ကျပ်၊ ကြက်ဥ(၁)လုံးလျှင် (၂၅၀)ကျပ်ဖြစ်၍ ကြက်သွန်နီဈေးမှာ အနည်းငယ်ကျဆင်းလာကြောင်း၊ စားသုံးဆီဈေးနှုန်းမှာ နှမ်းဆီ၁ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ပဲဆီ(၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ စားအုန်းဆီ၁ပိဿာလျှင် (၆၅၀၀)ကျပ်ဖြစ်၍ ဆီဈေးအနည်းငယ်ငြိမ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)