မင်းဘူးမြို့မဈေး၌ ရောင်းချလျက်ရှိသောရေထွက်ပစ္စည်းများမှာ မေလ(စတုတ္ထပတ်)တွင် ငါးကြင်းဖြူ(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၈၀၀၀)၊ ငါးသေတ္တာခြောက်(၁)ပိဿာလျှင် ကျပ်(၁၁၀၀၀-၁၂၀၀၀)၊ ငါးနီတူး(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၆၀၀၀)၊ ငါးပုတ်သင်ကြီး/သေး(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀၊၁၄၀၀၀)၊ ငါးမဲလုံး(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀-၁၆၅၀၀)၊ အာဗြဲခြောက်(၁)ပိဿာလျှင် ကျပ်(၂၅၀၀၀-၃၀၀၀၀)၊ ငါးတံခွန်(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀-၁၆၀၀၀)၊ ငါးရံလုံး(၁)ပိဿာလျှင် ကျပ်(၄၅၀၀၀)၊ ငါးရံ့ပြားသေး(၁)ပိဿာလျှင် ကျပ်(၅၅၀၀၀-၅၈၀၀၀)၊ ပုစွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၄၅၀၀၀-၆၀၀၀၀-၉၀၀၀၀)ထိဖြစ်ကြောင်းနှင့် ပုစွန်ခြောက်သည် ဆားအပေါ့/အငန်အပေါ်မူတည်၍ ဈေးနှုန်းကွာခြားရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ပုစွန်ခြောက်များကို ရခိုင်ပြည်နယ်မှဝယ်ယူ၍ ငါးခြောက်များကို ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံနှင့် ရခိုင်ပြည်နယ်တို့မှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ကွင်းဆင်းမေးမြန်းမှုအရ သိရှိရပါသည်။
DOCA(မကွေး)